ကျောက်လှည့်ဖြင့်ထိုးရာမှ သေဆုံးမှုဖြစ်


မန္တလေး မတ် ၃၁

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် ရွှေစာရံကျေးရွာနေ ကျော်မင်းနွယ် (၃၉)နှစ်သည် မတ်၂၆ ရက် ည ၉ နာရီခန့်က တစ်ရွာတည်းနေ ဇော်မင်း (၃၂)နှစ်နှင့်အတူ ၎င်းရွာနေ ဇော်လင်းဦး (၃၆)နှစ်၏ နေအိမ်သို့ သွားရောက်၍ ငှားရမ်းထားသည့် ဦးထုပ်အား ဇော်မင်းက ပစ်ပေါက်ပေးသည့်အတွက် ဇော်လင်းဦးက စိတ်ဆိုးပြီး ကျောက်လှည့်ဖြင့်ထိုးရာ ကျော်မင်းနွယ်၏ လည်ပင်းဝဲဘက်တွင် ထိုးသွင်းဒဏ်ရာရရှိခဲ့သဖြင့် မန္တလေးဆေးရုံကြီးသို့ တင်ပို့ကုသရာ မတ် ၂၉ ရက် နံနက် ၇ နာရီတွင် သေဆုံးသွားခဲ့သဖြင့် ကျော်မင်းနွယ်၏ ညီမမြစန်းခိုင်က တိုင်တန်း၍ ဇော်လင်းဦးအား အုန်းချောနယ်မြေ ရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ကျောက်လှည့်ဖြင့်ထိုးရာမှ သေဆုံးမှုဖြစ်  ကျောက်လှည့်ဖြင့်ထိုးရာမှ သေဆုံးမှုဖြစ် Reviewed by THITHTOOLWIN on 07:30 Rating: 5
Powered by Blogger.