နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် တရုတ်နိုင်ငံခြားရေး ၀န်ကြီး မစ္စတာဝမ်ယိ တို့ တွေ့ဆုံဆွေးနွေး


နေပြည်တော် ဧပြီ ၆

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာဝမ်ယိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီခွဲ တွင် နေပြည်တော် ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်း မ၌ လက်ခံ တွေ့ဆုံ သည်။

ထိုသို့ တွေ့ဆုံစဉ် တရုတ်နိုင်ငံခြားရေး ၀န်ကြီးက မြန်မာအစိုးရသစ် အနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူ့ဘ၀ တိုးတက်ရေး၊ ပြည်တွင်းငြိမ်း ချမ်းမှု တည်ဆောက်ရေး၊ နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍတွင် ကမ္ဘာ့နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ပြီး အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည် ရင်းနှီးမှု ကို အလေးထားဆောင်ရွက်မည်ဟု သိရ၍ တရုတ်နိုင်ငံအနေဖြင့် အထူးအလေး အနက် ထောက်ခံပါကြောင်း၊


ရန်ကုန်- နေပြည်တော်- မန္တလေး မြန်နှုန်းမြှင့် ရထားလမ်း တည်ဆောက်ရေး ရေရှည်စီမံကိန်းတွင် သက်ဆိုင်ရာ ကဏ္ဍ များအလိုက် ပူးပေါင်းဆောင်ရွက် သွားလိုကြောင်း ၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ၏ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးကို အလေးထားပြီး အမျိုးသားပြန်လည် သင့်မြတ် ရေးတွင် ကြားဝင်ဆောင်ရွက်ပေးရန် ဆန္ဒရှိကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့် ချစ်ကြည်ရေးပေါ်လစီပြောင်းလဲမှုမရှိဘဲ ကဏ္ဍပေါင်းစုံ ချစ်ကြည်ရေး မြှင့်တင်ရန် ဆန္ဒရှိကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ကလည်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်း စုကြည်တို့အား တရုတ် နိုင်ငံသို့ လာရောက် လည်ပတ် ရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

ထို့အတူ နိုင်ငံတော်သမ္မတက နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရာတွင် ပြည်သူ လူထု၏ လူနေမှုဘ၀မြှင့်တင်ရေးအတွက် လုပ်ဆောင်ရန် ကဏ္ဍများစွာ ရှိကြောင်း၊ ပြည်သူပြည်သား များအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေ မည့် ကိစ္စရပ် များတွင် နှစ်နိုင်ငံညှိနှိုင်း၍ အကောင်အထည်ဖော်ဆောင်ရွက် သွားရန် ဆန္ဒရှိကြောင်း၊ တရုတ် နိုင်ငံသမ္မတ၏ ချစ်ကြည်ရင်းနှီးမှုဖြင့် ဖိတ်ကြားမှု အပေါ် အခါအခွင့်သင့်သည့် အချိန်တွင် သွားရောက်လည်ပတ်ရန် ဆန္ဒရှိပါကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာအောင်သူနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး ဧည့်သည်တော် တရုတ် ၀န်ကြီးနှင့် အတူ မြန်မာနိုင်ငံ ဆိုင် ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည် ။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် တရုတ်နိုင်ငံခြားရေး ၀န်ကြီး မစ္စတာဝမ်ယိ တို့ တွေ့ဆုံဆွေးနွေး  နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် တရုတ်နိုင်ငံခြားရေး ၀န်ကြီး မစ္စတာဝမ်ယိ တို့ တွေ့ဆုံဆွေးနွေး Reviewed by THITHTOOLWIN on 20:19 Rating: 5
Powered by Blogger.