မိုင်းခတ်မြို့နယ်တွင် ဆိုလာပြားအပူလွန်၍ မီးလောင်


ကျိုင်းတုံ မတ် ၈

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းခတ် မြို့နယ် ပါခါးဝမ်မိုင်ကျေးရွာတွင် နေအိမ် နှစ်လုံးမီးလောင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၇ရက် ညနေ ၃ နာရီက ယင်းကျေးရွာနေ ဦးလော် ဂျီ၏ စပါးကျီ ခေါင်မိုးပေါ်တွင် တပ်ဆင်ထားသည့် ဆိုလာပြားအပူ လွန်ကဲ၍ နေအိမ်နှစ်လုံး မီးလောင် ခဲ့ခြင်းဖြစ်သည်။ ''ဆိုလာပြားက သုံးပေ တစ်ပေခွဲ ရှိပါတယ်။ သက် ကယ်အမိုးပေါ်မှာ ထားတာဆိုတော့ မီးလောင်ဖို့ ပိုလွယ်တယ်'' ဟု ကျေး ရွာနေပြည်သူတစ်ဦးက ပြောသည်။

မိုင်းခတ်မြို့နှင့် ခုနစ်မိုင်ခန့် ကွာ ဝေးသော ထိုကျေးရွာသို့ မီးသတ်ယာဉ် များ သွားရောက်ငြှိမ်းသတ်ခဲ့သည်။

 ကျေးရွာတွင် အိမ်ခြေ ၁၇ လုံး၊ လူဦးရေ ၇၂ ဦးရှိပြီး လားဟူ တိုင်းရင်းသားများ နေထိုင်ကြသည်။ မိုင်းခတ် မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် အသင်းအဖွဲ့တို့က မီးဘေးသင့် အိမ်ထောင်စုနှစ်စုကို ထောက်ပံ့မှု များဆောင်ရွက်ပေးကြောင်း သိရ သည်။

မောင်မောင်နိုင်(ကျိုင်းတုံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မိုင်းခတ်မြို့နယ်တွင် ဆိုလာပြားအပူလွန်၍ မီးလောင်  မိုင်းခတ်မြို့နယ်တွင် ဆိုလာပြားအပူလွန်၍ မီးလောင် Reviewed by THITHTOOLWIN on 08:28 Rating: 5
Powered by Blogger.