လာမည့်ဘဏ္ဍာနှစ်မှစ၍ နိုင်ငံခြားသား အိမ်ငှားသူများကို သီးသန့် အခွန်စနစ်ဖြင့် ကောက်ခံမည်


ရန်ကုန် မတ် ၃၁

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှစ၍ နိုင်ငံခြားသားနေထိုင်ရန် အိမ်ငှားသူများကို သီးသန့်အခွန်စနစ်ဖြင့် အခွန်ကောက်ခံ သွားမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် နိုင်ငံခြားသားများအား အိမ်ငှားသူ အိမ်ပိုင်ရှင်များသာမက ပြည်တွင်းမှ အိမ်ငှားခအခွန်ဆောင်ခြင်း များမှာလည်း ထိထိရောက်ရောက် အခွန်ငွေ ရရှိခြင်းမရှိကြောင်း သိရသည်။

''အခွန်ဌာနအနေနဲ့ အိမ်ငှားခနဲ့ပတ်သက်ပြီး အခွန်ငွေရရှိမှု နည်းတာကြောင့် လာမယ့် ဘဏ္ဍာနှစ်မှာ သေချာလုပ်ဆောင်ဖို့ သတ်မှတ်တာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်တဲ့အခါ ပြီးခဲ့တဲ့သုံးနှစ်အတွင်းက ငှားရမ်းမှုအတွက်ပါ စည်းကြပ်သွားမှာပါ'' ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ အခွန်စည်းကြပ်ရာတွင်၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာ နှစ် အတွက် ပါ ပြန်လည်ကောက်ခံမည် ဖြစ်ပြီး ယင်းအချိန်ထက် ပိုမိုငှားရမ်းထားပါက အခွန်ဥပဒေအရ ပြည်ထောင်စုဝန်ကြီးဌာန ၏ခွင့်ပြုချက်ဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုဘဏ္ဍာနှစ်တွင် အိမ်ခြံမြေအခွန် ထမ်းဆောင် သူဦးရေမှာ ပုံမှန်အတိုင်းရှိနေသော်လည်း အခွန်ဆောင်သည့်နှုန်းထားများ လျှော့ချ လိုက်ပြီး နောက်ပိုင်းတွင် ယင်းကဏ္ဍအတွက် အခွန်ကောက်ခံရရှိမှုမှာ ယခင် ဘဏ္ဍာနှစ် ထက် သုံးပုံနှစ်ပုံခန့် လျော့နည်းလျက် ရှိကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia

လာမည့်ဘဏ္ဍာနှစ်မှစ၍ နိုင်ငံခြားသား အိမ်ငှားသူများကို သီးသန့် အခွန်စနစ်ဖြင့် ကောက်ခံမည်  လာမည့်ဘဏ္ဍာနှစ်မှစ၍ နိုင်ငံခြားသား အိမ်ငှားသူများကို သီးသန့် အခွန်စနစ်ဖြင့် ကောက်ခံမည် Reviewed by THITHTOOLWIN on 21:59 Rating: 5
Powered by Blogger.