ပြည်နယ်ဝန်ကြီးချုပ် ကတိသစ္စာပြု


 ကရင်ပြည်နယ်လွှတ်တော် ပဉ္စမနေ့တွင် ပြည်နယ်ဝန်ကြီးချုပ်မှ ကတိသစ္စာပြု

ဘားအံ၊ ဧပြီ ၁

ဒုတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကို ဧပြီလ ၁ ရက်နေ့ နံနက် ၁ဝ နာရီ အချိန်က ကရင်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ပျက်ကွက်သူမရှိ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အားလုံး တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၁၊ ပုဒ်မခွဲ(ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(က)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့ဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(က)အရ နိုင်ငံတော်သမ္မတရုံး၏ (၃ဝ-၃-၂ဝ၁၆)ရက်စွဲပါ အမိန့်အမှတ် (၄/၂ဝ၁၆)ဖြင့် နိုင်ငံတော်သမ္မတက ကရင်ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ဒေါ်နန်းခင်ထွေးမြင့်အား ခန့်အပ်တာဝန်ပေးအပ် လိုက်ကြောင်း ပြည် နယ် လွှတ်တော် ဥက္ကဌကကြေညာခဲ့ပြီး ပြည်နယ်လွှတ်တော် ဥက္ကဌရှေ့မှောက်၌ ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်း ခင်ထွေးမြင့်က ကျွန်ုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံနှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်း သား စည်းလုံညီညွှတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး တို့ကို ထာဝစဉ်ဦးထိပ်ပန်ဆင်ဆောင်ရွက်ပါမည်။ ကျွန်ုပ်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် နိုင်ငံတော် ၏ တရားဥပဒေများကို ထိန်းသိမ်းစောင့်ရှောက် ပါမည်။ ကျွန်ုပ်ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို ဖြောင့်မတ် မှန်ကန်စွာဖြင့် ကိုယ်စွမ်းရှိသရွေ့ ဥာဏ်စွမ်းရှိသရွေ့ အစွမ်းကုန် ထမ်းဆောင် ပါမည်ဟု လေးနက်တည်ကြည်စွာ ကြေငြာ၍ ကတိ သစ္စာပြုခြင်း ဆောင်ရွက်ခဲ့ကာ ဒုတိယအကြိမ်ကရင်ပြည်နယ် လွှတ်တော် ပထမပုံမှန် အစည်းအဝေး ပဉ္စမနေ့ကို ၁ဝ နာရီ ၁၀မိနစ် အချိန်တွင် ရပ်နားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ပြည်နယ်ဝန်ကြီးချုပ် ကတိသစ္စာပြု  ပြည်နယ်ဝန်ကြီးချုပ် ကတိသစ္စာပြု Reviewed by THITHTOOLWIN on 17:37 Rating: 5
Powered by Blogger.