နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဥပဒေ လွှတ်တော် ၂ ရပ် စလုံးမှာ အတည်ဖြစ်ပြီ

 တပ်မတော် သားတွေ ဘက်က နိုင်ငံတော် အတိုင်ပင် ခံ ပုဂ္ဂိုလ် အစား သမ္မတ ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် လို့ ပြင်ပေးဖို့ တောင်းဆိုခဲ့။
ဒေါ်အောင်ဆန်း စုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်အပ်ရေး ဥပဒေကြမ်းကို ဧပြီလ ၅ ရက်နေ့ က ပြည်သူ့ လွှတ်တော်မှာလည်း အတည်ပြုလိုက်ပြီ ဖြစ်တဲ့ အတွက် အခု ဆိုရင် လွှတ်တော် နှစ်ရပ် စလုံး မှာ အတည် ဖြစ်ခဲ့ ပါပြီ။

ဒါ့ကြောင့် လွှတ်တော်နှစ်ရပ် ပေါင်း ပြည်ထောင်စု လွှတ်တော် မှာ ဆုံးဖြတ် စရာ မလို တော့ပဲ ၊ ဥပဒေ စတင် သက်ဝင် လာဖို့ ဆိုရင် သမ္မတ လက်မှတ် ရေးထိုး ဖို့ပဲ ကျန် ပါတော့တယ်။

ပြည်သူ့ လွှတ်တော် မှာ မဲခွဲ ဆုံးဖြတ် ခဲ့တုန်း ကတော့ တပ်မတော်သား ကိုယ်စားလှယ် တွေ ဟာ အဲဒီ့ ဥပဒေ ကို ကန့်ကွက် တဲ့ အနေနဲ့ မဲ မပေး ပဲ နေ ခဲ့ ကြပါတယ်။

တပ်မတော် သားတွေ ဘက်က နိုင်ငံတော် အတိုင်ပင် ခံ ပုဂ္ဂိုလ် အစား သမ္မတ ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် လို့ ပြင်ပေးဖို့ နဲ့ ၊ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု အသုံးအနှုံး နေရာမှာ စည်းကမ်း ပြည့်ဝပြီး ပါတီစုံ ဒီမိုကရေစီ စနစ် ကျင့်သုံးတဲ့ ပြည်ထောင်စု လို့ ပြောင်းလဲ ပေးဖို့ အပါအဝင် တောင်းဆို မှု တွေ ပြုလုပ် ခဲ့ ပေမယ့် မအောင် မြင်ခဲ့ ပါဘူး။

BBC Burmese
http://www.bbc.com/burmese
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဥပဒေ လွှတ်တော် ၂ ရပ် စလုံးမှာ အတည်ဖြစ်ပြီ  နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဥပဒေ လွှတ်တော် ၂ ရပ် စလုံးမှာ အတည်ဖြစ်ပြီ Reviewed by THITHTOOLWIN on 08:37 Rating: 5
Powered by Blogger.