ဆိုင်ကယ်ဗုံးခွဲ အကြမ်းဖက်သမားကို လိုက်လံဖမ်းဆီး


မနေ့ဧပြီလ ၁၁ ရက်နေ့ညနေပိုင်းတွင် ဖြစ်ပွားခဲ့သော ဆုန်ခလာခရိုင် ကျန မီးရထားဘူတာရှေ့ဗုံးပေါက်ကွဲမှုတွင် ၂ဦးသေဆုံး၍ ၁၅ ဦးဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါကိစ္စနှင့် ပါတ်သက်ပြီး ဘူတာရုံရှေ့ရှိ cctv ကို စစ်ဆေးကြည့်ရာ တရားခံ၏ ပုံပန်းသဏ္ဍာန်ကို သေချာစွာမြင်တွေ့ရတယ်လို့ တာဝန်ရှိသူများကပြောပါတယ်။ တရားခံဟာ ဟွန်ဒါဝေ့ဆိုင်ကယ် အနက်ရောင်ကို မောင်းနှင်လာပြီး ကျနရဲစခန်းမှ ထောက်လှန်းစစ်ဆေးရေး ကားဘေးတွင် လာရပ်ထားတာကိုတွေ့ရပြီး ဆိုင်ကယ်နံပါတ်ကိုတော့ မသိရဘူးလို့ပြောပါတယ်။ တရားခံမှာ အင်္ကျီအနက်ရောင် ၀တ်ဆင်ထားပြီး ဆိုင်ကယ်ဦးထုတ်ဆောင်းထားသဖြင့် မျက်နှာကို သေချာမမြင်နိုင်ဘူးလို့ သိရပါတယ်။

အဲဒီနောက် ဗုံးထောင်ထားသော ဆိုင်ကယ်ကို ဒီအတိုင်းပစ်ထားကာ ထွက်သွားသည့်အတွက် နောက်ထပ်ပူးပေါင်းဆောင်ရွက်သူများမှ လာကြိုသွားတာဖြစ်နိုင်တယ်လို့ ယူဆထားတယ်လို့ သိရပါတယ်။ ရဲအရာရှိနှစ်ဦး လမ်းလျှောက်လာရာကာ ကားရပ်နားရာ နေရာရောက်သည်နှင့် တပြိုင်နက် ဆိုင်ကယ်တွင် တပ်ဆင်ထားသောဗုံးမှာ ပေါက်ကွဲသဖြင့် ကျနရဲစခန်းမှ ရဲမှုး မစ်စတာ ရွတ်ချိုင်းยอดชาย บุญส่ง နှင့် သူငယ်ချင်းဖြစ်သူတို့ ၎င်းနေရာမှာ တင်ပွဲချင်းပြီး သေဆုံးပြီး အနီးပတ်ဝန်းကျင်မှ လူများဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ယခုဖြစ်ပွားခဲ့သောကိစ္စမှာ တရားခံများဟာ မိမိတို့၏ပစ်မှတ်ကို သေချာရွေးချယ်ထားပြီး အချိန်ယူ၍ စီစဉ်ဆောင်ရွက်ထားတယ်လို့ ယူဆကြပါတယ်။

အကြမ်းဖက်သမားများမှာ အနည်းဆုံးနှစ်ယောက်အထက်မှာ ရှိနိုင်ပြီး နယ်မြေတွင်းမှာရှိသော အကြမ်းဖက်အဖွဲ့များထဲမှ တစ်ဖွဲ့ဖွဲ့ဖြစ်နိုင်ပြီး ဘယ်အဖွဲ့လဲဆိုတာကိုတော့ သေချာစွာထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

MTF Channel
https://www.facebook.com/mtftv
ဆိုင်ကယ်ဗုံးခွဲ အကြမ်းဖက်သမားကို လိုက်လံဖမ်းဆီး  ဆိုင်ကယ်ဗုံးခွဲ အကြမ်းဖက်သမားကို လိုက်လံဖမ်းဆီး Reviewed by THITHTOOLWIN on 19:11 Rating: 5
Powered by Blogger.