သင်္ကြန်ကာလ အမှိုက်များ ဘားအံ ရဲတပ်ဖွဲ့ ရှင်းလင်း

ဘားအံမြို့မှာ အမှိုက်ကောက် သန့်ရှင်းရေးလုပ်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဧပြီလ ၁၈ ရက်နေ့ကတွေ့ရစဉ်။ ဓါတ်ပုံ - ဘားအံသတင်း
ဘားအံမြို့မှာရှိတဲ့ မြို့မရဲစခန်းအနီးတ၀ိုက်နဲ့ မြို့မဈေးတ၀ိုက်မှာ ရဲတပ်ဖွဲ့ဝင် ၅၀ လောက်က ဒီနေ့ စုပေါင်းပြီး အမှိုက်ကောက်ခဲ့ကြပါတယ်။

သင်္ကြန်ကာလမှာ စွန့်ပစ်ခဲ့တဲ့အမှိုက်တွေ များနေတာကြောင့် ရဲတွေစုပေါင်းပြီး မြို့တော်သန့်ရှင်းရေးအတွက် အမှိုက်ကောက်ကြတာလို့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ပြောပါတယ်။

"စခန်းရှေ့က အဲ့ဈေးရှေ့လမ်း သူတို့စခန်း သူတို့လုပ်ကြတာလေ၊ ကျနော်တို့က ကိုယ့်ဝင်းရှေ့မှာ အမြဲလုပ်နေကြတာလေ၊ အမှိုက်ကောက် သန့်ရှင်းရေလုပ်ကြတာပါ"

ဘားအံမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ သင်္ကြန်ကာလမှာလည်း ပြည်သူတွေ လုံခြုံရေးအတွက် မြို့အဝင်အထွက်တွေမှာ တုတ်၊ ဓား လက်နက်ရှာဖွေတာတွေ၊ မူးယစ်ဆေးဝါးရှာဖွေ ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
သင်္ကြန်ကာလ အမှိုက်များ ဘားအံ ရဲတပ်ဖွဲ့ ရှင်းလင်း  သင်္ကြန်ကာလ အမှိုက်များ ဘားအံ ရဲတပ်ဖွဲ့ ရှင်းလင်း Reviewed by THITHTOOLWIN on 08:37 Rating: 5
Powered by Blogger.