ဗီယက်နမ်တွင် နိုင်ငံခြားသားများ ပါဝင်သော ငွေကြေး လိမ်လည်သည့် ဂိုဏ်းတစ်ခုအား ဖမ်းဆီး

ဗီယက်နမ်နိုင်ငံ မြို့တော် ဟိုချီမင်း စီးတီးရှိ ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဟိုချီမင်းစီးတီး၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

    ဗီယက်နမ်နိုင်ငံ မြို့တော် ဟိုချီမင်း စီးတီးတွင် နိုင်ငံခြားသားများ နှင့် ဗီယက်နမ် လူမျိုးများ အပါအဝင် လူ ၇ ဦးအား လွန်ခဲ့သည့် တစ်နှစ်အတွင်း လူများစွာ ထံမှ အမေရိကန် ဒေါ်လာ ၄၀၀,၀၀၀ ကျော် လိမ်လည်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ပြည်တွင်းမီဒီယာ တစ်ခုက ဧပြီလ ၆ ရက်တွင် ဖော်ပြခဲ့သည်။

ဖမ်းဆီး ထိန်းသိမ်းခဲ့သည့် ၇ ဦးတွင် ဟိုချီမင်း စီးတီး၏ ဒေသ 12 m ၌ နေထိုင်သည့် အသက် ၃၀ နှင့် ၃၁နှစ် အရွယ် နိုင်ဂျီးရီးယားနိုင်ငံသား ၂ ဦးပါဝင်ပြီး ကျန် ၅ ဦးမှာ ဗီယက်နမ် လူမျိုးများ ဖြစ်ကြောင်း နေ့စဉ်သတင်းစာ Thanh Nien က ဖော်ပြခဲ့သည်။

လိမ်လည်သူများ အများဆုံး အသုံးပြုသည့် နည်းလမ်းတစ်ခုမှာ ၄င်းတို့ လိမ်လည်မည့် သူများထံ နိုင်ငံခြားမှ ဆုကြီးအား ပေါက်ကြောင်း၊ ယင်း ဆုကြီးများ တရားဝင် ဖြစ်စေရန် အတွက် အကောက်ခွန်ကြေး၊ ဘဏ်လုပ်ငန်းစဉ်များ အတွက် အခကြေးငွေများ ပေးဆောင်ရမည် ဖြစ်ကြောင်း ပြောဆိုကာ  ငွေကြေးများ လိမ်လည် ရယူခြင်း ဖြစ်ကြောင်း သိရသည်။

နောက်နည်းလမ်း တစ်ခု အနေဖြင့် လိမ်လည်သူများသည် ချမ်းသာကြွယ်ဝသည့် စီးပွားရေး လုပ်ငန်းရှင်များ အဖြစ် ဟန်ဆောင်ကာ ဗီယက်နမ် အမျိုးသမီးများထံ ချဉ်းကပ်၍ ၄င်းတို့အား ငွေကြေး (သို့) တန်ဖိုးကြီး လက်ဆောင်များ ပေးမည်ဟု ကတိပေးပြီးနောက် လိမ်လည်သူများသည် အကောက်ခွန် အရာရှိ (သို့) ရဲအရာရှိအဖြစ် အသွင်ပြောင်းကာ ယင်းအမျိုးသမီးများကို ခေါ်၍ ၄င်းတို့အား ငွေကြေးပေးရန် ဖိအားပေးခြင်း တို့ဖြစ်ကြောင်း သိရသည်။

 (Xinhua)
http://www.xinhuamyanmar.com
ဗီယက်နမ်တွင် နိုင်ငံခြားသားများ ပါဝင်သော ငွေကြေး လိမ်လည်သည့် ဂိုဏ်းတစ်ခုအား ဖမ်းဆီး  ဗီယက်နမ်တွင် နိုင်ငံခြားသားများ ပါဝင်သော ငွေကြေး လိမ်လည်သည့် ဂိုဏ်းတစ်ခုအား ဖမ်းဆီး Reviewed by THITHTOOLWIN on 16:31 Rating: 5
Powered by Blogger.