ဘူးသီးတောင်မြို့နယ် စေတောင်ရွာသို့စစ်ပြေးရှောင် ၂၀၀ ကျော် ရောက်ရှိ


ရန်ကုန် ဧပြီ ၂၀ ရက်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စေတောင်ရွာ (ခေါ်) တောင်မော်ရွာသို့ စစ်ပြေးရှောင် ရွာသား ၂၀၀ ကျော် ရောက်ရှိနေကြောင်း သတင်း ရရှိသည်။

ရောက်ရှိလာသော ကျေးရွာသားများထဲတွင် ကျားကြီး/ငယ်ပေါင်း ၁၆၂ ဦး၊ မ ၈၉ ဦး၊ စုစုပေါင်း ၂၅၁ ဦး ဖြစ်ကြောင်း၊ ဧပြီလ ၂၀ ရက်နေ့က ရောက်ရှိလာခဲ့ပြီး ယခုအခါ သူတို့အား စေတောင်ရွာ စာသင်ကျောင်းတွင် နေရာချထားကြောင်း စစ်ဘေးရှောင်ရွာသားများကို ကူညီစောင့်ရှောက်ပေးနေသူ ကိုသန်းလှက ပြောသည်။

ရောက်ရှိလာသူ စစ်ရှောင် ဒုက္ခသည်များမှာ ဘူးသီးတောင်မြို့နယ် နတ်အိုင်ရွာမှ ဖြစ်ကြောင်း သိရသည်။

ရွှေရအောင်(တောင်ကုတ်)
Arakan State
https://www.facebook.com/NarinjaraNews
ဘူးသီးတောင်မြို့နယ် စေတောင်ရွာသို့စစ်ပြေးရှောင် ၂၀၀ ကျော် ရောက်ရှိ  ဘူးသီးတောင်မြို့နယ် စေတောင်ရွာသို့စစ်ပြေးရှောင် ၂၀၀ ကျော် ရောက်ရှိ Reviewed by THITHTOOLWIN on 17:35 Rating: 5
Powered by Blogger.