အီတလီက သူတို့ သံအမတ်ကို အီဂျစ်ကနေ ပြန်ခေါ်

မစ္စတာ ရဂျေးနီးဟာ အင်္ဂလန် နိုင်ငံ ကိန်းဘရစ်ခ်ျ တက္ကသိုလ် က ပါရဂူ ဘွဲ့ ကျောင်းသား တစ်ဦး ဖြစ်ပြီး အီဂျစ် နိုင်ငံ ထဲက သမဂ္ဂ တွေ နဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားမှု တွေကို သုတေသနပြု လေ့လာ နေသူ ဖြစ်ပါတယ်။
အီဂျစ် နိုင်ငံ မှာ အသတ် ခံခဲ့ရတဲ့ အီတလီ ကျောင်းသား ဂျူလီယို ရဂျေးနီး အမှုကို အီဂျစ် အာဏာပိုင် တွေ ကိုင်တွယ် နေပုံ ကို မကျေနပ် ကြောင်း ပြသတဲ့ အနေနဲ့ အီတလီ အစိုးရ ဟာ အီဂျစ် မှာ ထားရှိထားတဲ့ သူတို့ရဲ့ သံအမတ် ကို ပြန်လည် ခေါ်ယူ လိုက်ပါတယ်။

ခန္ဓာကိုယ်ကို ဖျက်စီး ခံထားရတဲ့ ဂျူလီယို ရဂျေးနီး ရဲ့ အလောင်းကို ပြီးခဲ့တဲံ ဖေဖေါ်ဝါရီ လတုန်းက ကိုင်ရို မြို့ပြင် ရေမြောင်း ထဲမှာ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

မစ္စတာ ရဂျေးနီးဟာ အင်္ဂလန် နိုင်ငံ ကိန်းဘရစ်ခ်ျ တက္ကသိုလ် က ပါရဂူ ဘွဲ့ ကျောင်းသား တစ်ဦး ဖြစ်ပြီး အီဂျစ် နိုင်ငံ ထဲက သမဂ္ဂ တွေ နဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားမှု တွေကို သုတေသနပြု လေ့လာ နေသူ ဖြစ်ပါတယ်။

မစ္စတာ ရဂျေးနီး အသတ်ခံရမှု နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ရောမမြို့တော် မှာ အီဂျစ် အမှုလိုက် အရာရှိတွေ နဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့ကြ အပြီး အီတလီ တာဝန် ရှိသူ တွေ ဘက်က မကျေမနပ် ဖြစ်ခဲ့ ကြတာပါ။

အီဂျစ် တွေ ယူလာ သမျှ တွေ ထဲ အမှု နဲ့ ပတ်သက်ပြီး ဘာတိုးတက်မှုမှ မတွေ့ခဲ့ရဘူး လို့ အီတလီ အာဏာပိုင် တွေက ဆိုပါတယ်။

အီဂျစ် လုံခြုံရေးတပ်ဖွဲ့ဝင် တွေ ရဲ့ လက်ချက်နဲ့ မစ္စတာ ရဂျေးနီး သေဆုံးခဲ့ရတာ ဖြစ်တယ် ဆိုတဲ့ စွပ်စွဲမှု တွေပေါ်ထွက် နေတာ မှာ အီဂျစ် အာဏာပိုင် တွေက တော့ ပယ်ချ ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
အီတလီက သူတို့ သံအမတ်ကို အီဂျစ်ကနေ ပြန်ခေါ်  အီတလီက သူတို့ သံအမတ်ကို အီဂျစ်ကနေ ပြန်ခေါ် Reviewed by THITHTOOLWIN on 06:47 Rating: 5
Powered by Blogger.