ပုဗ္ဗသီရိမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား နေအိမ် (၂၁)လုံး မီးလောင်ကျွမ်း


ပုဗ္ဗသီရိမြို့နယ်တွင် လျှပ်စစ်ထမင်းပေါင်းအိုး သုံးစွဲပြီး ထားခဲ့ရာမှ မီးလောင်မှုဖြစ်ပွား

နေပြည်တော် ဧပြီ ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု အတွင်းရှိ Moon Ray ဘိလပ်မြေ သရိုးဖျော် ဆောက်လုပ်ရေး လုပ်ငန်းဝန်း အတွင်း၌ ယနေ့ မွန်းတည့် (၁၂) နာရီ တွင် လျှပ်စစ်ထမင်းပေါင်းအိုး သုံးစွဲ ထားခဲ့ပြီ်း သင်္ကြန်အလည် ထွက်သွားရာ အပူရှိန်လွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု အတွင်းရှိ Moon Ray ဘိလပ်မြေသရိုးဖျော် ဆောက်လုပ်ရေး လုပ်ငန်းဝန်း အတွင်းရှိ အလုပ်သမား လူနေအိမ်များမှ ကိုနိုင်(ခ)ကိုသိန်းနိုင်ဌေး၏ နေအိမ်မှ လျှပ်စစ်ထမင်းပေါင်းအိုး သုံးစွဲပြီ်း ပလပ်မဖြုတ်ခဲ့ဘဲ သင်္ကြန်အလည် ထွက်သွားရာ အိမ်တွင်ကျန်ရစ်ခဲ့သော လျှပ်စစ်ထမင်းပေါင်းအိုးမှ အပူရှိန် မြင့်တက်ကာ မီးစတင် လောင်ကျွမ်းခဲ့သည်။


မီးလောင်မှုကြောင့် အလုပ်သမား နေအိမ်များ (၃)ပင် (၂)ပင် သွပ်မိုးထရံကာ ပျဉ်ခင်းနေအိမ် (၂၁)လုံး မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး မော်တော်ဆိုင်ကယ် (၅)စီး၊ ဆိုက်ကား(၂)စီး ဆုံးရှုံးမှု ဖြစ်ပွား ခဲ့သည်။


အခင်းဖြစ်နေရာသို့ နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများ၊ နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိုအောင်၊ ဥတ္တရခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးလှဝင်း၊ ပုဗ္ဗသီရိမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဌေးအောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ပုဗ္ဗသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း၊ မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးလှိုင်နှင့် မီးသတ်တပ် ဖွဲ့ဝင်များ ရောက်ရှိလာပြီး မီးသတ်ယာဉ်(၁၆)စီး၊ အုပ်ချုပ်မှုယာဉ်(၂)စီးဖြင့် သန္ဓေမီးသတ်(၆၅)ဦး၊ အရန်မီးသတ် (၇)ဦးတို့နှင့်အတူ ပြည်သူများ ဝိုင်းဝန်းမီးငြှိမ်းသတ်ရာ မွန်းလွဲ(၁၂)နာရီ(၂၀)မိနစ်တွင် မီးညွန့်ကျိုး၍ မွန်းလွဲ(၁၂)နာရီ ခွဲတွင် မီးငြိမ်းသွားခဲ့သည်။


အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လျှပ်စစ်မီးကို ပေါ့ဆစွာ အသုံးပြုသူ ကိုနိုင်(ခ)ကိုသိန်းနိုင်ဌေးအား ပုဗ္ဗသီရိမြို့နယ် ပတ္တာရဲစခန်းမှ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ပုဗ္ဗသီရိမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား နေအိမ် (၂၁)လုံး မီးလောင်ကျွမ်း ပုဗ္ဗသီရိမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား နေအိမ် (၂၁)လုံး မီးလောင်ကျွမ်း Reviewed by THITHTOOLWIN on 17:34 Rating: 5
Powered by Blogger.