ကမ္ဘာ လှည့် ခ ရီး သည် နှစ် ဦး မိုင်း ထိ


ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက် မဲ မြို့ နယ်၊ ကွန် ကော် ကျေး ရွာ အုပ် စု၊ တော့ ဖယ် ရွာ တွင် ခ ရီး လှည့် လည် စဉ် ဧပြီ ၂၆ ရက် ယ နေ့ နေ့ လည် နှစ် နာ ရီ ခန့် က တော့ ဖယ် ကျေး ရွာ အ ဝင် ရွာ ထိပ် တွင် တိုက် မိုင်း ဟု ယူ ဆ ရ သော မိုင်းတ လုံး ထိ မိ ပေါက် ကွဲ ၍ ဒဏ် ရာ များ ရ ကုန် သည်။



ကမ္ဘာ လှည့် ခ ရီး သည် များ မှာ ဒတ်ခ်ျ နိုင် သား တ ဦး နှင့် အ မျိုး သ မီး တ ဦး ဖြစ် ပြီး ဧည့် လမ်း ညွှန် လူ ငယ် တ ဦး လဲ ပါ သည်။ ထို သုံး ဦး တွင် အ မျိုး သ မီး မှာ ဒဏ် ရာ အ ပြင်း ထန် ဆုံး ဖြစ် ပြီး အ သက် အန္တရာယ် မ စိုး ရိမ် ရ ပါ။ အ မျိုး သ မီး ရ သော ဒဏ် ရာ များ မှာ ညာ နာ ထင် ပေါက် ပြဲ ဒဏ် ရာ တ ခု၊ညာ လက် မောင်း ဖောက် ဝင် ဒဏ် ရာ တ ခု၊ ညာ လက် မောင်း အုံ ဖောက် ဝင် ဒဏ် ရာ တ ခု၊ညာ တ တောင် ဆစ် ဖောက် ဝင် ဒဏ် ရာ တ ချက် ရ ခဲ့ သည်။

အ မျိုး သား မှာ ညာ ဖက် နံ စောင်း ဖောက် ဝင်တ ချက်၊ ဘယ် ဘက် နား မ ကြား ရ ဟု ပြော သည်။
ဧည့် လမ်း ညွှန် မှာ ညာ ပေါင် ပွန်း ပဲ့၊ ဝဲ ပေါင် ပွန်း ပဲ့၊ ညာ လက် ချောင်း များ ဖူး ရောင်၊ ညာ တင် ပ ဆုံ ဖောက် ဝင် ဒဏ် ရာ များ ရ ခဲ့ သည်။

ကျ နော် တို့ လူ မှု ရေး အ သင်း မှ ကျောက် မဲ မှ အ ခင်း ဖြစ် ရွာ သို့ ၁၈မိုင် ခန့် ဝေး သော တောင် ပေါ် ရွာ ထိ လူ နာ များ သွား ရောက် သယ် ဆောင် ခဲ့ ပြီး၊ ကျောက် မဲ ခ ရိုင် ပြည် သူ့ ဆေး ရုံ ကြီး သို့ ပို့ ဆောင် ပေး ခဲ့ သည်။

ထို လူ နာ များ ကို မန္တ လေး ဆေး ရုံ ကြီး သို့ လွဲပြောင်း ပေး မည် ဖြစ် သည်။

သတင်း - ဓါတ်ပုံ ။ ။ Tin Maung Thein (fb)

by သစ်ထူးလွင်

ကမ္ဘာ လှည့် ခ ရီး သည် နှစ် ဦး မိုင်း ထိ  ကမ္ဘာ လှည့် ခ ရီး သည် နှစ် ဦး မိုင်း ထိ Reviewed by THITHTOOLWIN on 19:05 Rating: 5
Powered by Blogger.