အီကွေဒေါ နိုင်ငံတွင် ပြင်းအား ရစ်ခ်ျတာ စကေး ၇.၈ ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်

အီကွေဒေါနိုင်ငံ ကမ်းရိုးတန်းကို ဗဟိုပြု လှုပ်ခတ်သွားသည့် ငလျင်အား မြေပုံ၌ တွေ့မြင်ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    အီကွေဒေါ၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

    ပြင်းအား ရစ်ခ်ျတာ စကေး ၇.၈ ရှိ အင်အားပြင်း ငလျင် တစ်ခုသည် အီကွေဒေါနိုင်ငံ ကမ်းရိုးတန်း အနီးကို ဧပြီလ ၁၇ ရက်က ရိုက်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒဆိုင်ရာ စစ်တမ်း လေ့လာရေး (USGS) က ဖော်ပြခဲ့သည်။

အင်အားပြင်း ငလျင်ကြောင့် လူ ၂၈ ယောက်ထက် မနည်း သေဆုံးခဲ့ကြောင်း အီကွေဒေါ ဒုတိယ သမ္မတ Jorge Glas က ပြောကြားခဲ့သည်။

အီကွေဒေါနိုင်ငံ မြို့ အများ အပြားသည်လည်း ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရပြီး ပြည်တွင်း မီဒီယာများ၏ ဖော်ပြချက်အရ Guayaquil ဆိပ်ကမ်းမြို့တွင် အနည်းဆုံး အိမ်တစ်လုံးနှင့် ဂုံးကျောတံတား တစ်စင်း ပြိုကျခဲ့ကြောင်း သိရသည်။

ယင်းငလျင်သည် အီကွေဒေါ နိုင်ငံ ကမ်းရိုးတန်း အနီး အနက် ၁၉ ကီလိုမီတာ ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း USGS က ဖော်ပြချက်အရ သိရပြီး ငလျင်သည် ပြင်းအား ၇.၄ ဖြင့် စတင် လှုပ်ခတ်ရာမှ နောက်ပိုင်းတွင် ပြင်းအား ၇.၈ ဖြစ်လာကြောင်း သိရသည်။

ပစိဖိတ် ဆူနာမီ သတိပေးမှု စင်တာက အချို့ကမ်းရိုးတန်းများတွင် အန္တရာယ် ကြီးမားသည့် ဆူနာမီ လှိုင်းလုံးများ ဖြစ်လာနိုင်ကြောင်း ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားသည်။

အီကွေဒေါ နိုင်ငံသည် မီးတောင် ပေါက်ကွဲမှု နှင့် ငလျင် လှုပ်ခတ်မှု အကြိမ် အရေအတွက် များပြားသည့် ဒေသတွင် တည်ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အီကွေဒေါ နိုင်ငံတွင် ပြင်းအား ရစ်ခ်ျတာ စကေး ၇.၈ ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်  အီကွေဒေါ နိုင်ငံတွင် ပြင်းအား ရစ်ခ်ျတာ စကေး ၇.၈ ရှိ အင်အားပြင်း ငလျင် လှုပ်ခတ် Reviewed by THITHTOOLWIN on 17:56 Rating: 5
Powered by Blogger.