အသေခံဗုံးခွဲဖို့ ကလေးတွေကို ဘိုကိုဟာရမ် ပိုသုံးလာ

 အသေခံ ဗုံးခွဲရာမှာ ၂၀၁၄ ကထက် ကလေး တွေကို ပိုသုံးလာ
နိုင်ဂျီးရီးယား နိုင်ငံရှိ အစ္စလာမ်မစ် ဘိုကိုဟာရမ်အဖွဲ့က ကလေးငယ်တွေကို အသေခံ ဗုံးခွဲသမားတွေ အဖြစ်အသုံးပြုမှုဟာ ပြီးခဲ့တဲ့နှစ်အတွင်း ၁၀ ဆ တိုးလာတယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။

မနှစ်က ကမ်မရွန်း၊ ချာတ့်နဲ့ နိုင်ဂျီးရီးယား နိုင်ငံတို့မှာ တိုက်ခိုက်မှုတွေ အတွက် ကလေးငယ် ၄၄ ယောက်ကို သုံးခဲ့တာကြောင့် ၂၀၁၄ ခုနှစ်က ကလေး၎ ယောက်ကို သုံးခဲ့တာနဲ့ နှိုင်းယှဉ်ပြီး ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ အေဂျင်စီက ဖော်ပြတာ ဖြစ်ပါတယ်။

အခု အသေခံ ဗုံးခွဲသမား ၅ ယောက်မှာ တစ်ယောက်က ကလေးဖြစ်ပြီး အဲဒီထဲက သုံးပုံ နှစ်ပုံက မိန်းကလေးတွေ ဖြစ်နေတယ်လို့လည်း ကုလ သမဂ္ဂက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
အသေခံဗုံးခွဲဖို့ ကလေးတွေကို ဘိုကိုဟာရမ် ပိုသုံးလာ  အသေခံဗုံးခွဲဖို့ ကလေးတွေကို ဘိုကိုဟာရမ် ပိုသုံးလာ Reviewed by THITHTOOLWIN on 00:50 Rating: 5
Powered by Blogger.