အစာအဆိပ်သင့် ဆေးရုံရောက် မိုးကောင်းလူငယ်များ ကျန်းမာလာပြီ


မိုးကောင်း စိန်ပီတာ ကက်သလစ် ဘုရားကျောင်းတွင် သင်တန်းတက်နေသော လူငယ် ၈၇ ယောက်သည် အစာအဆိပ်သင့်၍ မိုးကောင်းပြည်သူ့ဆေးရုံတွင် ယနေ့ညနေ ရောက်ရှိနေရာမှ ယခုချိန် ပြန်လည် ကျန်းမာလာပြီ ဖြစ်ကြောင်း သိရပါသည်။

သင်တန်းတက်ရောက်နေသော လူငယ် ၁၂၃ ဦးအနက် ၈၇ ယောက်မှာ ဆေးရုံတက်နေရခြင်းပြီး လူငယ်များသည် ညနေစာ စားပြီး ၅ နာရီနောက်ပိုင်းမှ ခေါင်းမူးခြင်း၊ အန်ခြင်း ဖြစ်လာသေကြောင့် ဆေးရုံသို့ရောက်ခဲ့ရကြောင်း ယင်းဘုရားကျောင်း အတွင်းရေးမှုးက ကချင်သတင်းဌာန KNG ကိုပြောပါသည်။

ယနေ့ညနေ အဓိကဟင်းမှာ ကြက်ဥအရည်ချက်ဖြစ်ပြီး သင်တန်းတွင်း အစားအစားများကို ယင်းဘုရားကျောင်း အသင်းသားများကိုယ်တိုင် တာဝန်ယူ ချက်ပြုတ်ပေးခဲ့ကြောင်းလည်း သူက ဆက်ပြောပါသည်။

Photo - မိုးကောင်းသတင်းဇုံ
Kachin News Group - Burmese
https://www.facebook.com/kachinnewsgroup
အစာအဆိပ်သင့် ဆေးရုံရောက် မိုးကောင်းလူငယ်များ ကျန်းမာလာပြီ  အစာအဆိပ်သင့် ဆေးရုံရောက် မိုးကောင်းလူငယ်များ ကျန်းမာလာပြီ Reviewed by THITHTOOLWIN on 02:13 Rating: 5
Powered by Blogger.