အစိုးရရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ကြောင့် ဆီးရီးယား အတိုက်အခံတွေ ငြိမ်းချမ်းရေး စကားဝိုင်းထဲက ထွက်

 သေဆုံးသူ အယောက် ၄၀ ဝန်းကျင် ရှိ။
ဆီးရီးယား နိုင်ငံ အနောက်မြောက်ပိုင်း ဒေသက လာတဲ့ သတင်းတွေ အရ လေကြောင်း တိုက်ခိုက်မှု တွေဟာ ကုန်စိမ်းတန်းဈေး တစ်ခု ကို ထိမှန် ခဲ့တဲ့ အတွက် လူ အမြောက်အများ သေဆုံး ဒဏ်ရာရကုန် ကြတယ် လို့ ဆိုပါတယ်။

သူပုန်တွေက နေရာ အများစု ထိန်းချုပ်ထားတဲ့ အစ်ဒ်လစ်ဘ် ပြည်နယ် ထဲက မာအာရတ် အယ်လ်- နူမန် ဆိုတဲ့ မြို့မှာ အတိုက်အခိုက် ခံခဲ့ရတာ ဖြစ်ပြီး တချို့ သတင်းတွေ အရ သေဆုံးသူ အယောက် ၄၀ ဝန်းကျင် ရှိတယ်လို့ ပြောပါတယ်။

အဲဒီ့ ဒေသ ထဲက သူပုန် စခန်းတွေ ကို ပစ်မှတ်ထားပြီး ဆီးရီးယား အစိုးရတပ်နဲ့ ရုရှား တို့က လေကြောင်း တိုက်ခိုက်မှု တွေ ပြုလုပ် နေပါတယ်။

ဆီးရီးယား နိုင်ငံထဲ ရယူထားတဲ့ အပစ်ရပ် သဘောတူမှုကို အစိုးရတပ် တွေက ချိုးဖောက် နေတဲ့ အတွက် ဂျနီဗာ ဆွေးနွေးပွဲ တွေ မှာ ပါဝင် နေတာကနေ ဆိုင်းငံ့လိုက်တယ် ဆိုပြီး အတိုက်အခံ ညွန့်ပေါင်း အဖွဲ့က အတည်ပြု ပြောဆို နေတဲ့ အချိန်မှာပဲ အခုလို တိုက်ခိုက်မှု တွေ ဆက်လက် ဖြစ်ပေါ် နေပါတယ်။

BBC Burmese
http://www.bbc.com/burmese
အစိုးရရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ကြောင့် ဆီးရီးယား အတိုက်အခံတွေ ငြိမ်းချမ်းရေး စကားဝိုင်းထဲက ထွက် အစိုးရရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ကြောင့် ဆီးရီးယား အတိုက်အခံတွေ ငြိမ်းချမ်းရေး စကားဝိုင်းထဲက ထွက် Reviewed by THITHTOOLWIN on 07:21 Rating: 5
Powered by Blogger.