တရားမ၀င် ငါးဖမ်းသင်္ဘော ၂၃ စင်း အင်ဒိုနီးရှား နစ်မြုပ်


ဂျကာတာ ၊ ၆-၄-၂၀၁၆

အင်ဒိုနီးရှားနိုင်ငံ ရေပိုင်နက် အတွင်း တရားမဝင် ဝင်ရောက် လာသည့် နိုင်ငံခြား ငါးဖမ်းသင်္ဘော ၂၃ စင်းကို အင်ဒိုနီးရှား တာဝန်ရှိသူများက ဖျက်ဆီးနှစ်မြှုပ် ခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှား တာဝန်ရှိသူ များသည် ဗီယက်နမ်နိုင်ငံမှ ငါးဖမ်းသင်္ဘော ၁၃ စင်းနှင့် မလေးရှား နိုင်ငံမှ ငါးဖမ်းသင်္ဘော ၁ဝ စင်းတို့ကို ကာလီမန်တန် မြောက်ပိုင်း တာရာကန်မြို့မှ အာချေးပြည်နယ် ရာနိုင်းမြို့ရှိ ဆိပ်ကမ်း ခုနစ်ခု၌ ဧပြီ ၅ ရက်က ဖျက်ဆီးနှစ်မြှုပ် ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့အကြီးဆုံး ကျွန်းစုနိုင်ငံကြီး ဖြစ်သည့် အင်ဒိုနီးရှား နိုင်ငံသည် ၂ဝ၁၄ ခုနှစ်က သမ္မတ ဂျိုကိုဝီဒိုဒို တာဝန် ထမ်းဆောင်စဉ်မှ စ၍ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက် လာသည့် ငါးဖမ်းသင်္ဘော များကို အရေးယူမှုများ လုပ်ဆောင် ခဲ့ကြောင်း သိရသည်။

၎င်း တရားမဝင် ငါးဖမ်းသင်္ဘော များအား ပင်လယ်အတွင်း နှစ်မြှုပ်ခဲ့သည့် ပုံရိပ်များကို အွန်လိုင်း စာမျက်နှာ တစ်ခုတွင် ဗီဒီယိုဖိုင် အနေဖြင့် တိုက်ရိုက် ထုတ်လွှင့်ပြသ ခဲ့ကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီး ဆူစီပူဂျီ အက်စ်တူသီ က ပြောကြားသည်။

PyiChitThar
http://www.pyichitthar.com
တရားမ၀င် ငါးဖမ်းသင်္ဘော ၂၃ စင်း အင်ဒိုနီးရှား နစ်မြုပ်  တရားမ၀င် ငါးဖမ်းသင်္ဘော ၂၃ စင်း အင်ဒိုနီးရှား နစ်မြုပ် Reviewed by THITHTOOLWIN on 16:17 Rating: 5
Powered by Blogger.