ရခိုင်အမျိုးသားပါတီ ANP ပါတီ ရုံးခွဲတစ်ခုကို တွေ့ရစဉ်။ Photo: Min Thein Aung/ RFA |
ANP ပါတီတွင်းမှာ နှုတ်ထွက်တာတွေ၊ ထုတ်ပယ်ခံရတာတွေ ထပ်ပြီးမဖြစ်ရအောင် ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ကို ကျောက်တော်မြို့ သာသနာ့ ဗိမာန်ကျောင်းတိုက်မှာ ဒီနေ့ ဆွေးနွေးကြတယ်လို့ ပါတီကနေ ထုတ်ပယ်ခံထား ရတဲ့ ဦးဇော်ဝင်းက ပြောပါတယ်။
အဲဒီဆွေးနွေးပွဲကို ကျောက်တော်မြို့ခံတွေ ရခိုင်လူမှုအဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပြီး ပါတီကနေ ထုတ်ပယ်ခံ ရသူတွေနဲ့ ကိုယ့်သဘောနဲ့ကိုယ် နှုတ်ထွက်ခဲ့ သူတွေက ပါတီတွင်း အခြေအနေတွေကို ရှင်းပြကြပါတယ်။
ကျောက်တော်မြို့နယ်ရဲ့ ANP ပါတီ ဥက္ကဌနဲ့ အတွင်းရေးမှူးတို့ဟာ လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်သွားကြတဲ့ အတွက် သူတို့နေရာတွေမှာ အစားထိုး တာဝန်ထမ်းဆောင်ဖို့ မြို့နယ်ပါတီ တာဝန်ရှိသူတွေက ရွေးချယ် တင်မြှောက်မှုတွေ ပြုလုပ်ခဲ့ကြရာမှာ ANP ပါတီဗဟိုရဲ့စည်းကမ်းတွေကို ချိုးဖောက်ခဲ့သူတွေ ဆိုပြီး ပါတီဝင် ၃ ဦးကို ပါတီဗဟိုက ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ကျောက်တော် မြို့နယ် ANP ပါတီဝင် ၆ ဦး ထပ်မံနှုတ်ထွက်
Reviewed by THITHTOOLWIN
on
00:49
Rating: