TIME မဂ္ဂဇင်း၏ သြဇာလွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းအတွက် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးနိုင်


ကမ္ဘာကျော် TIME မဂ္ဂဇင်းက နှစ်စဉ် ထုတ်ပြန်လေ့ရှိသော သြဇာလွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ ဦး ‘TIME 100’ စာရင်းအတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဧပြီ ၁၀ ရက်နေ့ မဲပေးခွင့်မပိတ်သိမ်းမီအချိန်အထိ ဆန္ဒမဲပေးနိုင်ကြောင်း သိရသည်။ ‘TIME 100’ စာရင်းကို နိုင်ငံရေး၊ စီးပွားရေး၊ သိပ္ဗံနှင့် နည်းပညာ၊ အတွေးအခေါ်ပညာရှင်များ စသဖြင့် နယ်ပယ်အသီးသီး၌ ထူးချွန်ပြောင်မြောက်သူများအား လူအများအပေါ် သြဇာသက်ရောက်မှုကို အခြေခံကာ TIME မဂ္ဂဇင်း အယ်ဒီတာအဖွဲ့က သတ်မှတ်ထုတ်ပြန်ခြင်းဖြစ်သည်။ ယင်းသို့ နောက်ဆုံးတရားဝင်စာရင်းကို အယ်ဒီတာအဖွဲ့က ရွေးချယ်သတ်မှတ်ခြင်းဖြစ်သော်လည်း အများပြည်သူ၏ဆန္ဒပြုမှုကိုလည်း ကောက်ခံလေ့ရှိရာ ယခုနှစ်အတွက် သြဇာလွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းအတွက် မိမိ၏ဆန္ဒကို အောက်ပါ လင့်ခ်တွင် မဲပေးဆန္ဒပြုနိုင်သည်။

http://time.com/4264746/2016-time-100-poll/vote/9/…

ဆန္ဒမဲပေးလိုသူအနေနှင့် ဖေ့စ်ဘုတ် (သို့) တွစ်တာ အကောင့်ရှိရမည်ဖြစ်သည်။ ဆန္ဒမဲပေးခွင့်ကို ဧပြီ ၁၀ ရက်နေ့တွင် ပိတ်မည်ဖြစ်ပြီး အများဆန္ဒအရ ထွက်ပေါ်လာသော ရလဒ်ကို ဧပြီ ၁၄ ရက်တွင် ထုတ်ပြန်မည်ဖြစ်သည်။ သို့သော် သြဇာလွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ ‘TIME 100’ တရားဝင် အဆင့်သတ်မှတ်ချက်ကို ဧပြီ ၂၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က အများဆန္ဒမဲပေးမှုဇယား၏ နံပါတ် ၂ နေရာတွင် ရှိနေပြီး ဒီမိုကရက်ပါတီမှ အမေရိကန်သမ္မတလောင်းတဦးဖြစ်သူ Bernie Sanders က နံပါတ် ၁ နေရာတွင် ရပ်တည်နေသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
TIME မဂ္ဂဇင်း၏ သြဇာလွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းအတွက် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးနိုင် TIME မဂ္ဂဇင်း၏ သြဇာလွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းအတွက် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးနိုင် Reviewed by THITHTOOLWIN on 13:15 Rating: 5
Powered by Blogger.