Mr Sanders က ရှုံးနိမ့်ကြောင်း ဝန်ခံ

Missouri ပြည်နယ်မှာ သီသီကလေး အနိုင်ရရှိသွားတဲ့ ဟီလာရီ ကလင်တန် (Credit: Reuters) 
အမေရိကန် ​သမ္မတလောင်း ​ပြိုင်ပွဲမှာ ​ဒီမိုကရက်တစ် ​ပါတီဘက်က ​ဟီလာရီကလင်တန်က ​Missouri ​ပြည်နယ်မှာ ​ထပ်မံ ​အရရှိသွားပြီး ​ဟီလာရီကလင်တန်ရဲ့ ​အဓိကပြိုင်ဘက် ​Bernie ​Sanders ​က ​သမ္မတလောင်း ​ပြိုင်ပွဲမှာ ​ရှုံးနိမ့်သွားပြီလို့ ​ဝန်ခံတဲ့အကြောင်း ​သိရပါတယ်။

အမေရိကန် ​စံတော်ချိန် ​အင်္ဂါနေ့တုန်းက ​ပြုလုပ်တဲ့ ​သမ္မတလောင်း ​ရွေးချယ်မှုအတွင်း ​ဟီလာရီ ​ကလင်တန်နဲ့ ​Bernie ​Sanders ​တို့အကြား ​အပြတ်အသတ် ​အနိုင်ရရှိတာမျိုး ​မရှိခဲ့ပါဘူး။

အဲဒီလို ​အခြေအနေကြောင့် ​မဲတွေကို ​ပြန်လည် ​ရေတွက်ဖို့ ​Bernie ​Sanders ​အောင်နိုင်ရေးအတွက် ​လှုပ်ရှားတဲ့ ​လူတွေက ​တောင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ ​AP ​သတင်းဌာနနဲ့ ​အင်တာဗျူးမှာ ​Bernie ​Sanders ​က ​Missouri ​ပြည်နယ်နဲ့ ​ပြည်သူ့ ​ဘဏ္ဍာငွေကို ​အကုန်ခံပြီး ​ပြန်လည်ရေတွက်တာမျိုး ​မလုပ်သင့်ဘူးလို့ ​ပြောဆိုလိုက်တဲ့အတွက် ​ဒီပွဲမှာ ​ရှုံးနိမ့်ပြီလို့ ​ဝန်ခံတာဖြစ်မယ်လို့ ​သုံးသပ်နေကြပါတယ်။

Missouri ​ပြည်နယ် ​သမ္မတလောင်း ​ရွေးချယ်ပွဲမှာ ​ဟီလာရီ ​ကလင်တန်က ​၁၅၃၁ ​မဲနဲ့ ​အနိုင်ရရှိတဲ့အပြင် ​တခြား ​ပြည်နယ်မှာလည်း ​အနိုင်ရရှိခဲ့တာ ​ဖြစ်ပါတယ်။

ရီပါပလေကန် ​ပါတီရဲ့ ​သမ္မတလောင်း ​ရွေးချယ်ပွဲမှာတော့ ​သူဌေးကြီး ​Donald ​Trump ​ကပဲ ​ဆက်လက် ​ရှေ့ပြေးနေဆဲ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Mr Sanders က ရှုံးနိမ့်ကြောင်း ဝန်ခံ Mr Sanders က ရှုံးနိမ့်ကြောင်း ဝန်ခံ Reviewed by THITHTOOLWIN on 08:40 Rating: 5
Powered by Blogger.