အလီဘာဘာဥက္ကဋ္ဌ ဂျက်မားနှင့် Facebook တည်တောင်သူ ဇူကာဘတ် တို့တွေ့ဆုံဆွေးနွေး

အလီဘာဘာဥက္ကဋ္ဌ ဂျက်မားနှင့် Facebook တည်တောင်သူ ဇူကာဘတ် တို့တွေ့ဆုံဆွေးနွေးနေစဉ် (ဆင်ဟွာ)
    ပေကျင်း၊ မတ် ၂၀ရက် (ဆင်ဟွာ)

    အလီဘာဘာ အုပ်စု ၏ အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဂျက်မား နှင့် Facebook ၏ စီအီးအို မတ်ခ် ဇူကာဘတ် တို့သည် ပေကျင်းတွင်ကျင်းပသည့် တရုတ်ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်တွင် ဆန်းသစ်တီထွင်မှုအကြောင်း နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မားက ဆန်းသစ်တီထွင်မှုသည် ပြဿနာကိစ္စရပ်များတွင် နည်းပညာများဖြင့် ဖြေရှင်းသော ထိရောက်သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဇူကာဘတ် ကလည်း နောက်လာမည့် ၁၀နှစ်နှင့်အထက် ကာလများတွင် ပြဿနာကိစ္စရပ်များကို တီထွင်ဆန်းသစ်မှုများဖြင့် ကူညီဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။

ထို့အပြင် ၄င်းတို့နှစ်ဦးသည် တောင်ကိုရီးယား ပရော်ဖက်ရှင်နယ် ကစားသမား Lee See-dol နှင့် လူလုပ် ဥာဏ်ရည်တု ပရိုဂရမ် AlphaGo တို့၏ သမိုင်းဝင် ကစားပွဲအကြောင်း ပြောဆိုဆွေးနွေးခဲ့ကြပြီး မားက စက်ပစ္စည်းများသည် ပိုမို ကျွမ်းကျင်ကောင်းမွန်လာသည်မှာ မှန်သော်လည်း လူသားများထက် ဥာဏ်အမြော် အမြင် နည်းပါးနေသေးကြောင်း ပြောကြားခဲ့သည်။

ဇူကာဘတ် က အဆိုပါပွဲစဉ်သည် လူသားတို့၏ ဥာဏ်ရည်ဥာဏ်စွမ်းအတွက် မှတ်ကျောက်တိုင် တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မားက ဇူကာဘတ်သည် တရုတ်နိုင်ငံ၏ ယဉ်ကျေးမှု ကို လေးစားကြောင်း၊ အရှေ့တိုင်းယဉ်ကျေးမှု နှင့် အနောက်တိုင်းယဉ်ကျေးမှု တို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် လေ့လာသင့်ပြီး အနာဂါတ်ကောင်း တစ်ခုအတွက် ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
အလီဘာဘာဥက္ကဋ္ဌ ဂျက်မားနှင့် Facebook တည်တောင်သူ ဇူကာဘတ် တို့တွေ့ဆုံဆွေးနွေး  အလီဘာဘာဥက္ကဋ္ဌ ဂျက်မားနှင့် Facebook တည်တောင်သူ ဇူကာဘတ် တို့တွေ့ဆုံဆွေးနွေး Reviewed by THITHTOOLWIN on 05:37 Rating: 5
Powered by Blogger.