၈၈နှစ်အတွင်း ကျူးဘားကို အမေရိကန် သမ္မတ ပထမဆုံး လာရောက်

 အမေရိကန် နဲ့ ကျူးဘား နှစ်နိုင်ငံ ဟာ ၂၀၁၄ ခုနှစ် က စပြီး သံတမန် ဆက်ဆံရေး ပြန်လည် ထားရှိ လာခဲ့ ကြ။
ကျူးဘား နိုင်ငံကို အမေရိကန် သမ္မတ တစ်ဦးရဲ့ ၈၈ နှစ် အတွင်း ပထမဆုံး အကြိမ် ခရီးစဉ် အနေနဲ့ သမ္မတ အိုဘားမား ကျူးဘား မြို့တော် ဟာဗားနား ကို ရောက်ရှိ လာပြီ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားရဲ့ သမိုင်းဝင် ခရီးစဉ် အတွင်း လူ့အခွင့်အရေးနဲ့ ဒိမိုကရေစီရေး အပါအဝင် အကြောင်း ကိစ္စချင်းရာ အားလုံးကို ဆွေးနွေးဖို့ ပြင်ဆင် ထားတယ် ဆိုပြီး ကျူးဘား အစိုးရ က ပြောပါတယ်။

ဒါပေမယ့် တကယ်တမ်း လူ့အခွင့်အရေးနဲ့ ဒိမိုကရေစီရေး နဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေး မှု တွေ ပြုလုပ် လာနိုင်ဖွယ် မရှိဘူးလို့ ကျူးဘား နိုင်ငံခြားရေး ဌာန က အရာရှိ တစ်ဦး ဖြစ်တဲ့ Josefina Vidal က ဆိုပါတယ်။

သမ္မတ အိုဘားမား ခရီးစဉ် အစမှာပဲ နိုင်ငံရေး အတိုက်အခံ တချို့ ကျူးဘား နိုင်ငံ ထဲမှာ အထိန်းသိမ်း ခံခဲ့ ရပါတယ်။

ဒီလို ထိန်းသိမ်း တာမျိုးဟာ ကျူးဘား နိုင်ငံထဲ လုပ်ရိုးလုပ်စဉ် ပုံစံမျိုး ဖြစ်နေပြီး များသောအားဖြင့်တော့ အဖမ်း ခံရသူတွေ ကို မကြာခင်မှာပဲ ပြန်လွှတ် ပေးလေ့ ရှိတယ် ဆိုပြီး လေ့လာသူတွေက ဆိုပါတယ်။

စစ်အေး ခေတ် တုန်းက ရန်ဘက် နိုင်ငံတွေ ဖြစ်ခဲ့ကြတဲ့ အမေရိကန် နဲ့ ကျူးဘား နှစ်နိုင်ငံ ဟာ ၂၀၁၄ ခုနှစ် က စပြီး သံတမန် ဆက်ဆံရေး ပြန်လည် ထားရှိ လာခဲ့ ကြတာ ဖြစ်ပါတယ်။

အမေရိကန် အစိုးရ က ကျူးဘား အပေါ် ချမှတ်ထားတဲ့ ကုန်သွယ်ရေး ပိတ်ဆို့မှု အလုံးစုံကို ရုတ်သိမ်း ပေးဖို့ ကျူးဘား အစိုးရ က တောင်းဆို နေပါတယ်။

BBC Burmese
http://www.bbc.com/burmese
၈၈နှစ်အတွင်း ကျူးဘားကို အမေရိကန် သမ္မတ ပထမဆုံး လာရောက်  ၈၈နှစ်အတွင်း ကျူးဘားကို အမေရိကန် သမ္မတ ပထမဆုံး လာရောက် Reviewed by THITHTOOLWIN on 05:38 Rating: 5
Powered by Blogger.