ပြောင်းရွေ့ရုံသာ အရေးယူခြင်းဟာ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများ လာဘ်စားထားလို့လား


နှစ်အနည်းငယ်အတွင်း ကျပ်သိန်းပေါင်း သောင်းဂဏန်းအထိ ပိုင်ဆိုင်သွားသော မြို့နယ်အုပ်ချုပ်ရေးမှူးကဲ့သို့ အရာရှိများကို အရေးယူရာတွင် ပိုင်ဆိုင်မှုများကိုပါ သိမ်းယူသင့်

မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဦးကို ခရိုင် အုပ်ချုပ်ရေးမှူးဦးဆောင်သောအဖွဲ့က စစ်ဆေး နေသည်ဆိုသော သတင်းစကားသည် ဆန်းကြယ် သည့်အရာတော့ မဟုတ်ပေ။ သို့သော် စစ်ဆေးခံ ရသူ လာဘ်စားလိုက်သော ငွေပမာဏကတော့ စိတ်ဝင်စားစရာကောင်းပြီး သူ၏ပိုင်ဆိုင်မှုကလည်း ကြောက်ခမန်းလိလိ ရှိလှသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးများသည် အောက် ခြေ အခြေခံပြည်သူလူထုနှင့် အထိအတွေ့ အများ ဆုံး အရာရှိဆိုကလည်း မမှားပေ။ အုပ်ချုပ်ရေး ယန္တရားတွင် အဓိကမောင်းနှင်ပေးနေသော အ ခြေခံခွေးသွားစိတ်များ ဖြစ်သည်။

ထိုအခြေခံခွေးသွားစိတ်များ ချောမွေ့ စွာ လည်ပတ်မှသာ ယန္တရားကြီးတစ်ခုလုံး လည်ပတ် နိုင်မည်ဖြစ်သည်။ အောက်ခြေပြည်သူလူထုနှင့် အတွေ့အထိအများဆုံး မြို့နယ်အုပ်ချုပ်ရေးမှူး များအနေဖြင့် အဂတိတရားကင်းရှင်းမှသာ ကောင်း မွန်သော အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်နိုင်မည် ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုလှိုင် အား ဒေသခံပြည်သူလူထု(၈၀) ကျော်၏ လက်မှတ် ထိုးတိုင်ကြားချက်များကြောင့် ဒုတိယခရိုင်အုပ်ချုပ် ရေးမှူး ဦးရဲဝင်းထိုက် ခေါင်းဆောင်သောအဖွဲ့ က စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

တိုင်ကြားရခြင်းအကြောင်းအရင်းများမှာ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာ၊ ရေ အေးတွင်း၊ ရွှေလုပ်ကွက်တွင် တရားမ၀င်ရွှေတူး ဖော် မှုလုပ်ဆောင်နေရာ ဌာနပေါင်းစုံအဖွဲ့က မေလ (၅)ရက်က ၀င်ရောက်ဖမ်းဆီးရာ ဖမ်းဆီးမိ ချိန် တွင် လုပ်ငန်းသုံးယာဉ်ယန္တရား အစီး(၂၀) ကျော် နှင့် လူများစွာ ရှိခဲ့သော်လည်း ပိုင်ရှင်မဲ့ အဖြစ် ကားသုံးစီးကိုသာ ဖမ်းဆီးခဲ့သောကြောင့် ဖြစ် သည်။
''ဖမ်းဆီးချိန်မှာ ကားတွေရော၊ လူတွေရော ရှိတယ်။တကယ် တမ်းဖမ်း တော့ သုံးစီးထဲဖမ်းတာ။ ပိုဆိုးတာက အဲဒီသုံးစီးကို ပိုင်ရှင်မဲ့အဖြစ် သိမ်းတယ်။ ဒါကို မကျေနပ်လို့ တိုင်တာ ပါ''ဟု ချောင်းကြီး ကျေးရွာ ဒေသခံ ဦးစိုင်းဖိုးလင်းက ပြောသည်။

သပိတ်ကျင်းမြို့အနီး ပေသောင်ကျေး ရွာအနီး ဧရာဝတီမြစ်ကမ်းပေါ်တွင် မှုန်စက် များတည်ကာ မြစ်ကြမ်းပြင်ရှိ သဲနုများအတွင်းမှ ရွှေကျင်မှုများကို တရားမ၀င်ပြု လုပ်နေကြောင်း ဦးကိုကိုလှိုင်ထံ တင်ပြတိုင်ကြားခဲ့သည်။ တရား မ၀င် ရွှေကျင်မှုများ ရပ်တန့်ရန်တိုင်ကြားမှုအ ပေါ် အရေးယူဆောင်ရွက်ခြင်း မရှိခဲ့ဟု သိရ သည်။ တရားမ၀င် ရွှေမျောတစ်ခုဆီမှ ကျပ် သိန်းဆယ်ဂဏန်းအထိ လစဉ်ကြေးအဖြစ် အုပ်ချုပ်ရေးမှူးက ရရှိခဲ့ကြောင်း သိရသည်။ မြစ်ဘေးတွင် တရားမ၀င်ရွှေကျင်သော ရွှေ မျောလုပ်ငန်းရှင်များမှာလည်း တစ်ရာသီ တူးဖော်ရရှိမှုသည် တိုက်နှင့်ကားနှင့် ဖြစ် သွားကြကြောင်း ဒေသခံများက ပြောကြားခဲ့ သည်။ ရွှေမျောပေါင်း တစ်ရာနီးပါးခန့် တူး ဖော်နေကြသည်ဟုဆိုသည်။ ပြည်သူ့ဘဏ္ဍာ များ ယိုဖိတ်နေမှုကို တာဝန်သိ ပြည်သူလူထု က တင်ပြတိုင်ကြားခဲ့သော်လည်း အုပ်ချုပ် ရေးမှူးက မျက်ကွယ်ပြုကာ လာဘ်ယူမှု ပြုလုပ် ခဲ့သည်ဟု ဆိုသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးလစာသည် သိန်းဂဏန်းသာရှိ ရာ မြေ၀ယ်တိုက်ဆောက်နိုင် ရန်မပြောနှင့် ကားဝယ်စီးရန် ပင်လွယ်ကူမည် မဟုတ်ပါ။ လက်ရှိမြို့နယ်အုပ်ချုပ်ရေး မှူးများကတော့ ကိုယ်ပိုင် ကားများ၊ ကိုယ်ပိုင်အိမ်များ၊ တိုက်တာများဖြင့် ကြီးပွား ချမ်းသာနေကြသည်။


စစ်ဆေးခံနေရသော သပိတ်ကျင်း မြို့နယ်အုပ်ချုပ် ရေးမှူး ပိုင်ဆိုင်သောတိုက်တစ်လုံးနှင့် မြေ နေရာသည်ပင် သိန်းပေါင်း ငါးထောင်နီးပါး ရှိနေသည်။ သပိတ်ကျင်းမြို့နယ်အုပ်ချုပ်ရေး မှူးနေရာတွင် သုံးနှစ်အတွင်း သိန်းပေါင်းငါးထောင် နီးပါးတန် မြေနှင့်အိမ်ကိုပိုင်ဆိုင်သွားရာ ဒေသခံများပြော ကြား သလို ကျပ်သိန်းပေါင်းသောင်းဂဏန်းလောက် လာဘ်စားသွားသည်ဟု ပြောကြားချက်မှာ မှန်ကန်သည်ဟုဆိုနိုင်သည်။
စစ်ဆေးခံနေရသောအုပ်ချုပ်ရေးမှူး ပိုင်ဆိုင်သော မြေနေရာမှာ မန္တလေးမြို့ ၆၂ လမ်းနှင့် ၆၃ လမ်းကြား၊၁၉ လမ်းနှင့် လမ်း၂၀ ကြား၊ မေတ္တာလမ်းသွယ်တွင် သုံးထပ်တိုက် တစ်လုံးကို ပိုင်ဆိုင်ထားသည်။

အခြားပိုင်ဆိုင်မှုများ မပါဝင်သေးဘဲ ထို မြေကွက်သည်ပင် သိန်းငါးထောင်ကျော် တန ဖိုးရှိသည်။
''အဲဒီတိုက်ဆောက်တုန်းက အတင်းကြီး ခိုင်းလို့ ပစ္စည်းတွေ ၀ယ်ပေးခဲ့ရတယ်။ နောက်ပြီး ကြွေပြားခင်းတာဆိုလည်း လုပ်ငန်းရှင်တစ်ဦးက ခင်းပေးတာလို့ သိရတယ်။ အဲယားကွန်းတို့ ဘာတို့လည်း လုပ်ငန်းရှင် တွေလှူ ကြရတယ်''ဟု စစ်ဆေးခံနေရသော အုပ်ချုပ်ရေးမှူး ဦးကိုကိုလှိုင်အကြောင်းကို ဒေသခံတစ်ဦးက ရှင်းပြသည်။

ဦးကိုကိုလှိုင်၏တိုက်သည် သူပိုင်ဆိုင် သော ငွေများဖြင့် တည်ဆောက်ခြင်းအပြင် ရွှေ တွင်းလုပ်ငန်းရှင်များအား အဓမ္မတောင်းဆိုကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

ဦးကိုကိုလှိုင် ပိုင်ဆိုင်မှုများသည် သူ့မူ လ လစာများဖြင့် တိုင်းတာတွက်ချက် မည်ဆိုပါ က မည်သို့မှ မဖြစနိုင်သောကြောင့် ဒေသခံများ ပြောကြားသလို လာဘ်ပေး လာဘ်ယူမှုများ အ ကြီးအကျယ်ပြုလုပ်ခဲ့ကြောင်း ပေါ်ပေါက်နေ ပေသည်။

လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခဲ့ သည်ဟု ပေါ်ပေါက်နေသော အုပ်ချုပ်ရေးမှူးကို တာဝန်မှ ရပ်နားသည်ဟူသော အရေးယူမှုမျိုးနှင့် လုံလောက်မည်မဟုတ်ဘဲ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းပိုက်သည်အထိ အ ရေးယူမှသာလျှင် နောက်နောင်တွင် အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပေါ်မည်မဟုတ်ကြောင်း ဒေသခံ များက သုံးသပ်ပြောဆိုနေကြသည်။ မည်သို့ အ ရေးယူဆောင်ရွက်မည်ဆိုသည်ကတော့ သက် ဆိုင်ရာအစိုးရပိုင်း၏တာဝန်သာ ဖြစ်ပေသည်။

မန္တလေးခေတ်
https://www.facebook.com/မန္တလေးခေတ်
ပြောင်းရွေ့ရုံသာ အရေးယူခြင်းဟာ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများ လာဘ်စားထားလို့လား   ပြောင်းရွေ့ရုံသာ အရေးယူခြင်းဟာ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများ လာဘ်စားထားလို့လား Reviewed by THITHTOOLWIN on 10:04 Rating: 5
Powered by Blogger.