ဇနီးမောင်နှံနှစ်ဦး မူးမြစ်ထဲ ငါးဟင်းရှာဖွေရင်း ရေနစ်သေဆုံး


မြင်းမူ မတ် ၁၃

မြင်းမူမြို့နယ် ပျော့ရွာကျေးရွာ မူးမြစ်အတွင်း ရေနစ်သေဆုံးကြောင်း မတ် ၁၁ ရက် မွန်းလွှဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က သတင်းအရ ဂုံညင်းဆိပ် ရဲကင်းစခန်းမှူးရဲအုပ် တင်မောင်ရွှေ သွားရောက် စစ်ဆေးရာ မြင့်ဦး (၃ဝနှစ်)ခင်ပွန်းနှင့်ဇနီးဖြစ်သူ မဇင်မာခိုင် (၂၅နှစ်) ပျော့ရွာကျေးရွာ မြင်းမူမြို့နယ် နေသူတို့သည် မူးမြစ်အတွင်း ငါးရှာစဉ် ရေနစ်သေဆုံးကြောင်း စစ်ဆေး တွေ့ရှိရသည်။

''ခင်ပွန်းလုပ်သူက မူးမြစ်ထဲ ငါးရှာရန် အရင်ဆင်းသွားတာ ၄င်းရေနစ် နေလို့ ဇနီးဖြစ်သူက ရေထဲဆင်းဆယ်ရင်း ရေနစ်ပြီးသေဆုံးရတာပါ။ ရေနစ်တဲ့ နေရာက ရေအနက် ၁ဝ ပေလောက်ရှိတယ်။

အောက်ကလည်းသဲတွေရှိတယ်'' ဟု ဒေသခံများက ပြောသည်။
သေဆုံးသူများအား မြင်းမူမြို့ မြတ်သုခကျန်းမာရေးနှင့် လူမှုကူညီရေး အသင်းယာဉ်ဖြင့် မြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး မြင်းမူမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

ဇနီးမောင်နှံနှစ်ဦး မူးမြစ်ထဲ ငါးဟင်းရှာဖွေရင်း ရေနစ်သေဆုံး   ဇနီးမောင်နှံနှစ်ဦး မူးမြစ်ထဲ ငါးဟင်းရှာဖွေရင်း ရေနစ်သေဆုံး Reviewed by THITHTOOLWIN on 05:18 Rating: 5
Powered by Blogger.