မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးမင်းမင်းဦး ကို တင်သွင်း


မွန်ပြည်နယ်လွှတ်တော်မှာ ဝန်ကြီးချုပ်အဖြစ် လွှတ်တော် ဒုတိယဥက္ကဌ ဦးမင်းမင်းဦးကို ဒီနေ့  နိုင်ငံတော်သမ္မတက အဆိုတင်သွင်းပါတယ်။ မနက်ဖြန် လွှတ်တော်မှာ အတည်ပြုခန့်အပ်မှာ ဖြစ်ပါတယ်။

ဦးမင်းမင်းဦးဟာ ဘီးလင်းမြို့နယ် လွှတ်တော်အမှတ် ၂ ကနေ ဝင်ရောက်အရွေးခံတာဖြစ်ပြီး မွန်ပြည်နယ်လွှတ်တော်မှာ ဒုတိယဥက္ကဌအဖြစ် ရွေးချယ်ခံထားသူဖြစ်ပါတယ်။

သူဟာ ၁၉၇ဝ ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှာ မွေးဖွားခဲ့ပြီး အသက် ၄၆ နှစ် ဖြစ်ပါတယ်။ ၁၉၉၈ အရေးခင်းမှာ ကျောင်းသားခေါင်းဆောင်အဖြစ် ဘီလင်းမြို့မှာ ပါဝင်ခဲ့ပြီး ၂ဝ၁၁ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းရာမှာ မြို့နယ်မှာ ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

Photo: Kyaw Lwin Oo/RFA
RFA Burmese
https://www.facebook.com/RFA-Burmese
မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးမင်းမင်းဦး ကို တင်သွင်း  မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးမင်းမင်းဦး ကို တင်သွင်း Reviewed by THITHTOOLWIN on 12:42 Rating: 5
Powered by Blogger.