အိမ်အကူအားဒဏ်ရာ ရရှိအောင် ညှဉ်းပန်းနှိပ်စက် ဒဏ်ရာရရှိအောင် အကြိမ်ကြိမ်ရိုက်ခဲ့သူကို အရေးယူ


မန္တလေးမြို့သစ် (၁)ရပ်ကွက် တ-၂/၉ဝတွင် တန့်ယန်းမြို့နယ် မှ အိမ်အကူမိန်းကလေးအား အိမ်ရှင် လင်မယားက နေ့စဉ်ညှဉ်းပန်း နှိက်စက်နေကြောင်း ယခုလ ၁၆ ရက် Facebook လူမှုကွန်ရက် တွင်ပါရှိသော သတင်းနှင့်ပတ်သက် ၍ ဖြစ်ရပ်မှန် သိရှိနိုင်ရန် ယခုလ ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲက ချမ်းမြသာစည်မြို့နယ် အမှတ်(၁၁) နယ်မြေရဲစခန်းမှူးရဲအုပ်ဝင်းဗိုလ် နှင့်အဖွဲ့၊ မြို့သစ်(၁)ရပ်ကွက် အကွက်မှူးဦးမျိုးထွန်း၊ ဦးမောင် မြင့်နှင့် ရပ်ကွက်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင် ဒေါ်ဝါဝါ မြင့်တို့သည် လူမှုကွန်ရက်သတင်းပါ ချမ်းမြသာစည်မြို့နယ် ၆၃လမ်း သဇင်လမ်းနှင့် ငုပြာလမ်းကြား တ-၂/၉ဝ နေအိမ်သို့ သွားရောက် စုံစမ်းရာ အိမ်ရှင်စိုင်းဝင်းအောင် (၃၂နှစ်) ဇနီးမကြည်ကြည်လင်း (၃၅နှစ်)တို့နှင့်အတူ အိမ်အကူ မအေးနန်း(၁၄နှစ်) လွိုင်မော်-မန်း ပန်းကျေးရွာ တန့်ယန်းမြို့နယ်၏ မျက်နှာတွင် ကုတ်ခြစ်ဒဏ်ရာ၊ ယာနားနောက်၊ ဝဲလက်မောင်း ညိုမည်းဒဏ်ရာများ တွေ့ရှိခဲ့သည်။


မအေးနန်းအား မြို့သစ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူ စစ်မေးရာ မအေးနန်းသည် လွန် ခဲ့သည့် နှစ်နှစ်ကျော်က အိမ်ရှင်မကြည်ကြည်လင်း၏အစ်မ မအေး အေးခိုင်၏ ဆက်သွယ်ပေးမှုဖြင့် စိုင်းဝင်းအောင်နှင့် မကြည်ကြည် လင်းတို့၏နေအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်လျက်ရှိကြောင်း၊ မကြည်ကြည်လင်းက ၄င်းပြောဆို ခိုင်းထားသည့် အလုပ်ကိစ္စများအား နေ့စဉ်ပြန်မေးလေ့ရှိပြီး မှားယွင်းပြု လုပ်ပြောမိပါက ပါးလိမ်ဆွဲခြင်း၊ လက်သည်းဖြင့်ကုတ်ခြစ်ခြင်း၊တုတ် ဖြင့်ရိုက်ခြင်း၊ နားနောက်အား ထမင်းစားတူဖြင့် ထိုးခြင်းများပြု လုပ်လေ့ရှိပြီး ပတ်ဝန်းကျင်အား အဆက်အသွယ်မပြုလုပ်ရန် ပြော ဆိုလေ့ရှိကြောင်း၊ ယခုလ ၁၄ ရက် နံနက် ၉ နာရီခွဲက ခိုင်းသည့် အလုပ်အား မှားယွင်းပြောမိသဖြင့် တံမြက်စည်းကြမ်းဝါးရိုးတံဖြင့် ဝဲ လက်မောင်းအား အကြိမ်ကြိမ် ရိုက်ခဲ့ကြောင်း သိရသည်။ မအေးနန်းအား ဆေးစာဖြင့် မန္တလေး ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ သည်။

 အိမ်အကူ မအေးနန်းအား ဒဏ်ရာများရရှိအောင် ညှဉ်းပန်း နှိက်စက်ပြီး ပတ်ဝန်းကျင်နှင့် ဆက်သွယ်ခြင်းမပြုရန် တားဆီး ကန့်ကွက်သူ မကြည်ကြည်လင်း အား ဒေါ်ဝါဝါမြင့်က တရားလိုပြု လုပ်တိုင်တန်းသဖြင့် အမှတ်(၁၁) နယ်မြေရဲစခန်းက(ပ) ၁၃၁/၂ဝ၁၆ ပြစ်မှုပုဒ်မ ၃၄၁/၃၂၃ အရအမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းသိရသည်။

မောင်ပြည်သူ(မန္တလေး)
The Union Daily
http://uniondaily.net
အိမ်အကူအားဒဏ်ရာ ရရှိအောင် ညှဉ်းပန်းနှိပ်စက် ဒဏ်ရာရရှိအောင် အကြိမ်ကြိမ်ရိုက်ခဲ့သူကို အရေးယူ  အိမ်အကူအားဒဏ်ရာ ရရှိအောင် ညှဉ်းပန်းနှိပ်စက် ဒဏ်ရာရရှိအောင် အကြိမ်ကြိမ်ရိုက်ခဲ့သူကို အရေးယူ Reviewed by THITHTOOLWIN on 17:50 Rating: 5
Powered by Blogger.