မြန်မာကလေးတွေ ထိုင်းမှတ်ပုံတင်ရတော့မည်


ထိုင်းရှေနေများကောင်စီရဲ့ နိုင်ငံသားနဲ့ လူနည်းစုရေးရာ ကော်မတီဥက္ကဌ နိုင် စူရဖုန်း ကောင်းကျန်ထွတ်ခ် SAW မိဘမဲ့ကလေးများဆီကို လာရောက်ခဲ့ပါတယ်

မကြာခင်မှာ ထိုင်းနိုင်ငံက ၀(သုည)နဲ့စတဲ့ ဆယ်နှစ်ခံလို့ လူသိများတဲ့ ကဒ်ပြားသက်တမ်း ဆယ်နှစ်ရှိတဲ့ကလေးတွေကို နံပါတ် (၇)နဲ့စတဲ့ ထိုင်းနိုင်ငံသား မှတ်ပုံတင်တွေကို စတင်ရိုက်ပေးတော့မှာ ဖြစ်ပါတယ် ။


သူတို့ တွေဟာသက်ဆိုင်ရာ တက်ရောက်နေတဲ့ ကျောင်းတွေကနေ တဆင့် သက်ဆိုင်ရာ မြိုနယ် အုပ်ချုပ်ရေးမူးရုံးတွေဆီကိုသွားရောက်ပြီး မှတ်ပုံတင်စတင် ရိုက်ရတော့မှာဖြစ်ပါတယ် ။

ဒီလို့ မှတ်ပုံတင်တွေကိုရရှိနိုင်ဖို့အတွက် ထိုင်းရှေနေများကောင်စီရဲ့ နိုင်ငံသားနဲ့ လူနည်းစုရေးရာ ကော်မတီဥက္ကဌ နိုင်စူရဖုန်း ဟာ ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ ကို လာရောက်ပြီး ဒီအစီစဉ်ကို စတင်နိုင်ဖို့ လုပ်ဆောင်နေပြီဖြစ်ပါတယ် ။

ထိုင်းနိုင်ငံတွင်းမွေးဖွားတဲ့ ဆေးရုံဆေးခန်းကအထောက်အထားရှိတဲ့ကလေးတွေကိုလည်း ၆လအတွင်းမှာ နိုင်ငံသားပေးဖို့ထိုင်းနိုင်ငံခရိုင်အသီးသီးမှာ စတင်လုပ်ဆောင်ဖို့အတွက်လည်း ထိုင်းအစိုးရက အမိန့်ထုတ်ပြန်ထားပြီးဖြစ်ပါတယ် ။

Social Action For Women
https://www.facebook.com/Social-Action-for-Women-SAW
မြန်မာကလေးတွေ ထိုင်းမှတ်ပုံတင်ရတော့မည်  မြန်မာကလေးတွေ ထိုင်းမှတ်ပုံတင်ရတော့မည် Reviewed by THITHTOOLWIN on 12:57 Rating: 5
Powered by Blogger.