ဒီကနေ့ မတ်လ(၂၁)ရက်နေ့ကနေ (၂၃)ရက်နေ့အထိ ရန်ကုန်မြို့တွင်း(၁၅) မြို့နယ် ရေပြတ်တောက် သွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန ရေနှင့်သန့်ရှင်းရေးမှ ထုတ်ပြန်ထားပါတယ်။လှော်ကားရေလှောင်ကန်မှ ရန်ကုန်မြို့တွင်းကို ရေပေးဝေနေတဲ့ ကွန်ကရစ်ရေပိုက်လိုင်း ချို့ယွင်းမှုဖြစ်ကာ လှော်ကားရေတွန်းစက်ရုံရှိ ရေတွန်းစက်များ မောင်းနှင်မှုရပ်ထားတာကြောင့် ရေပေးဝေမှု ရပ်ဆိုင်းထားတာဖြစ်တယ်လို့ ပြောပါတယ်။
ရေပိုက်လိုင်းပြုပြင်နေစဉ်အတွင်း မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ အင်းစိန်၊ လှိုင်သာယာ၊ မရမ်းကုန်း၊ ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ပန်းဘဲတန်း၊ လှိုင်မြို့နယ်နဲ့ ကမာရွတ်စတဲ့ မြို့နယ်တွေ ရေပြတ်တောက်မှာ ဖြစ်ပါတယ်။(၃)ရက်တာအတွင်း လှော်ကားကန်ရေပေးဝေမှုသာ ခေတ်္တရပ်ဆိုင်းမှာဖြစ်ပြီး ဂျိုးဖြူ၊ ဖူးကြီးနဲ့ ငမိုးရိပ်ရေလှောင်ကန်တွေမှ ကျန်မြို့နယ်တွေကို ရေပေးဝေမှု ပုံမှန်အတိုင်း ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။
For Info News
https://www.facebook.com/forinfo
ရန်ကုန်မြို့တွင်း ၁၅မြို့နယ် (၃)ရက်ကြာ ရေပြတ်မည်
Reviewed by THITHTOOLWIN
on
21:14
Rating: