အီဂျစ်လေယာဉ်ပြန်ပေးဆွဲခံရမှု နောက်ဆုံးရသတင်း


အီဂျစ်လေယာဉ်ပြန်ပေးဆွဲခံရမှုနှင့်ပတ်သက်၍ အီဂျစ်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအပြီး ထွက်ပေါ်လာသော နောက်ဆုံးရ သတင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

- အလက်ဇန်းဒရီးယားမှ ကိုင်ရိုသို့ ဦးတည်ပျံသန်းသော အီဂျစ်လေကြောင်းလိုင်းပိုင် Airbus A320 အမျိုးအစား ခရီးသည်တင်လေယာဉ် MS181 အား ယနေ့ နံနက်ပိုင်းက လေယာဉ်ပေါ်ပါအမျိုးသားတဦးက ၎င်း၏ခန္ဓာကိုယ်တွင် အသေခံဗုံးခွဲခါးပတ် ၀တ်စဉ်ထားသည်ဟုဆိုကာ ခြိမ်းခြောက်၍ ပြန်ပေးဆွဲခြင်း ခံခဲ့ရ၊

-လေယာဉ်ကို ဆိုက်ပရက်စ် လာနာကာလေဆိပ်သို့ လမ်းကြောင်းလွှဲ ဆင်းသက်ခဲ့ရပြီး လက်ရှိအချိန်အထိ အဆိုပါ လေဆိပ်၌ပင် ရှိနေသေး

-လေယာဉ်ပေါ်ပါ ခရီးသည်အများစုကို လေယာဉ်မှ ထွက်ခွာခွင့်ပြုခဲ့သည်။ ပြန်ပေးသမားနှင့် လူ ၇ ဦး လေယာဉ်ပေါ်တွင် ရှိနေသေးကြောင်း အီဂျစ် အရပ်ဘက်ပျံသန်းရေးဆိုင်ရာ ၀န်ကြီး ရှာရစ်ဖ်ဖာသီက ပြော၊ ထို ၇ ဦးမှာ - လေယာဉ်မှူး၊ လက်ထောက် လေယာဉ်မှူး၊ အမျိုးသမီး လေယာဉ်ဝန်ထမ်းတဦး၊ လုံခြုံရေးအရာရှိ တဦးနှင့် ခရီးသည် သုံးဦးဟု သိရ၊ ကနဦးက လေယာဉ်ပေါ်တွင် စုစုပေါင်း ခရီးသည် ၅၅ ဦး ပါရှိ

-ပြန်ပေးသမား ခြိမ်းခြောက်သည့် အသေခံဗုံးခါးပတ်မှာ အစစ် ဟုတ်မဟုတ် အတည်မပြုနိုင်သေး

-ပြန်ပေးသမားက မည်သည့် တောင်းဆိုမှုမျိုးမှ ထုတ်ဖော်မပြောသေး၊ နိုင်ငံရေးလှုံဆောာ်မှုကြောင့် ဖြစ်နိုင်ခြေနည်းကြောင်း ယူဆရ၊ ဆိုက်ပရက်စ်သမ္မတနှင့် သတင်းထုတ်ပြန်ချက်များအရ ပြန်ပေးဆွဲမှုသည် အမျိုးသမီးတဦးနှင့်ပတ်သက်သည်။ ပြန်ပေးသမား၏အမည်မှာ Seif Eldin Mustafa ဟု ဆိုက်ပရက်စ် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။ Seif Eldin Mustafa သည် ၎င်း၏ဇနီးနှင့် အဆင်မပြေဟု ယူဆရပြီး စေ့စပ်မှုပြုရန်အတွက် ဇနီးဖြစ်သူအား လာနာကာလေဆိပ်သို့ ခေါ်ဆောင်ထားကြောင်း သိရ

-ပြန်ပေးသမား Seif Eldin Mustafa က ဇနီးသည်ထံ လေယာဉ်ပေါ်မှနေ၍ စာတစောင် ပစ်ပေးခဲ့သည်ဟု ဆိုသည်။

-“ဒီလူဟာ အကြမ်းဖက်သမားမဟုတ်ပါဘူး။ စိတ်ရူးပေါက်နေသူတယောက်ပါ”ဟု အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြော။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
အီဂျစ်လေယာဉ်ပြန်ပေးဆွဲခံရမှု နောက်ဆုံးရသတင်း  အီဂျစ်လေယာဉ်ပြန်ပေးဆွဲခံရမှု နောက်ဆုံးရသတင်း Reviewed by THITHTOOLWIN on 19:32 Rating: 5
Powered by Blogger.