ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့မှာ မပါဝင်ပဲ ပါတီကိုသာ ဦးဆောင်သွားဖွယ်ရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ NLD ပါတီအစိုးရဖွဲ့စည်းပြီးချိန်မှာ အစိုးအဖွဲ့ထဲမှာ မပါပဲ ပါတီဥက္ကဌအဖြစ်သာ ဆက်လက်ဦးဆောင် တာဝန်ယူသွားနိုင်တယ်လို့ NLD ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဥာဏ်ဝင်းက RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲမှာ NLD ပါတီ မဲအပြတ်အသတ် အနိုင်ရရှိခဲ့ပေမယ့် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ သမ္မတ တာဝန်ယူခွင့် ကန့်သတ်ခံထားရတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရအဖွဲ့အတွင်း ပါဝင်နိုင်မယ့် အလားအလာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ  ဦးဥာဏ်ဝင်းက အခုလို ပြောကြားခဲ့တာပါ။

"အစိုးရအဖွဲ့မှာ တာဝန်ယူမယ်တော့ ကျနော်တော့ မကြားရသေးဘူး"

NLD ပါတီအနေနဲ့ သမ္မတနဲ့ ဒုတိယသမ္မတ ရာထူးနေရာတွေအတွက် မတ်လ ၁ဝ ရက်နေ့က အမည်စာရင်း တင်သွင်းခဲ့ပြီး၊ ပြည်သူ့လွှတ်တော်မှာ ဦးထင်ကျော်နဲ့ အမျိုးသားလွှတ်တော်မှာ ဦးဟင်နရီဗန်ထီးယူတို့ အရွေးချယ်ခံထားရပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို တင်သွင်းထားပါတယ်။ မတ်လ ၁၄ရက်နေ့ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ ဆက်လက်ပြီး သမ္မတနဲ့ ဒုတိယသမ္မတ ၁ နဲ့ ဒုတိယသမ္မတ ၂ တို့ကို ဆက်လက်ရွေးချယ်မှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့မှာ မပါဝင်ပဲ ပါတီကိုသာ ဦးဆောင်သွားဖွယ်ရှိ  ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့မှာ မပါဝင်ပဲ ပါတီကိုသာ ဦးဆောင်သွားဖွယ်ရှိ Reviewed by THITHTOOLWIN on 23:25 Rating: 5
Powered by Blogger.