တပ်မတော်နှင့် ရဲတပ်ဖွဲ့ကို ကားတွင်ဆဲဆိုရေးသားခဲ့သည့် သရုပ်ဆောင်ကို ပုဒ်မလေးခုဖြင့်အမှုဖွင့် အရေးယူထား


 Tuesday, 01 March 2016

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လှည်းတန်းခုံးကျော် တံတားပေါ်တွင် ယနေ့နံနက် ၈ နာရီက သာသနာ့အလံကို အလွဲသုံးစားပြုလုပ်တပ်ဆင်၍တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ကို နစ်ဆန်း (MARCH) ကား၏ အရှေ့အနောက်တို့တွင် မှုတ်ဆေးဖြင့် ဆဲဆိုရေးသားခဲ့သည့် သရုပ်ဆောင်ထွန်းငယ်ကို ပုဒ်မသုံးခုဖြင့်အမှုဖွင့် အရေး ယူထားကြောင်း ကမာရွတ် မြို့မရဲ စခန်းမှရဲမှူးဇော်ဝင်းက ပြောသည်။

''သာသနာ့အလံကို အလွဲသုံး စားပြုပြီးတော့ ကားတွေမှာကပ်ထားတာတော့ သာသနာရေးညှိုး နွမ်းအောင် လုပ်တာပေါ့။ နောက်ပြီး နိုင်ငံတော်အကြီးအကဲတွေကို ဂုဏ်သရေ ညှိုးနွမ်းအောင်ပြုလုပ်မှုပေါ့။ စစ်ဆေးမေးမြန်းချက်တွေအရတော့ ကားစက်နှိုးမရဘူး။ ဘက်ထရီကုန်သွားတယ်။ သူ့ရဲ့အိမ်ထောင်ရေး လည်းအဆင်မပြေဘူး။ နောက်ရည်းစားနဲ့ကလည်း အဆင်မပြေ ဖြစ်တယ်။ ကောင်မလေးက တပ်မတော်သား တစ်ဦးရဲ့ သမီးဖြစ်နေတယ်။ သူက သရုပ်ဆောင် မင်းသား၊ ဗီဒီယိုကလည်းမရိုက်ရ ဘူး။ စိတ်ထဲမှာ ခံစားရတာနဲ့ ကား ထဲမှာပါလာတဲ့ စပရေးဘူးကို နာမည်တွေ တပ်ဆဲတာပေါ့''ဟု ၄င်းကပြောသည်။

သာသနာညှိုးနွမ်းစေမှု၊ နိုင်ငံတော်အကြီးအကဲများကိုဂုဏ်သရေ ညှိုးနွမ်းအောင် ပြုလုပ်မှုစသည် တို့ဖြင့် သရုပ်ဆောင် လင်းမောင် (ခ)ထွန်းလင်းသိန်း(ခ)ထွန်းငယ် ကိုကမာရွတ်ရဲစခန်းကပုဒ်မ ၂၉၄၊ ၂၉၅၊ ၅ဝ၅(ခ) တို့ဖြင့် အမှုဖွင့် အရေးယူထားသကဲ့သို့ ယာဉ်ထိန်း ရဲတပ်ဖွဲ့က မော်တော်ယာဉ်ဥပဒေ ၅၈(က)ဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်းသိရသည်။

နေထက်ဝေ
The Union Daily
http://uniondaily.net
တပ်မတော်နှင့် ရဲတပ်ဖွဲ့ကို ကားတွင်ဆဲဆိုရေးသားခဲ့သည့် သရုပ်ဆောင်ကို ပုဒ်မလေးခုဖြင့်အမှုဖွင့် အရေးယူထား  တပ်မတော်နှင့် ရဲတပ်ဖွဲ့ကို ကားတွင်ဆဲဆိုရေးသားခဲ့သည့် သရုပ်ဆောင်ကို ပုဒ်မလေးခုဖြင့်အမှုဖွင့် အရေးယူထား Reviewed by THITHTOOLWIN on 13:34 Rating: 5
Powered by Blogger.