မရမ်းကုန်းမြို့နယ်တွင် ဝါယာကြိုးအပူလွန်ကဲရာမှ ပလတ်စတစ်ဂိုဒေါင် မီးလောင်မှုဖြစ်ပွား


ရန်ကုန် မတ် ၃

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် (၅)ရပ်ကွက်တွင် ယနေ့နံနက် ၄ နာရီ ၄၅ မိနစ်ခန့်က ဝါယာကြိုး အပူလွန်ကဲရာမှ ပလတ်စတစ်ဂိုဒေါင် မီးလောင်မှုဖြစ်ပွားသည်။

ဖြစ်စဉ်မှာ အဆိုပါရပ်ကွက်ရှိ ပိုင်ရှင်ဦးဆန်းထွန်း၏ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ အရည်ကျို၍ ကော်စေ့ပြုလုပ်သည့် ဂိုဒေါင်၌ ကြိတ်စက်မော်တာသို့ သွယ်တန်းထားသော ဝါယာကြိုးများ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခြင်းဖြစ်သည်။

မီးလောင်ရာသို့ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၁၉၅ ဦး၊ အရန်မီးသတ်တပ် ဖွဲ့ဝင် ၃ဝ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ၅၅ ဦးတို့က မီးငြှိမ်းသတ်ယာဉ် ၂ဝ၊ မီးသတ်ရေသယ်ယာဉ် ငါးစီး၊ ကွပ်ကဲမှုယာဉ် ရှစ်စီး၊ အထောက် အကူပြုယာဉ် သုံးစီး၊ မိတ်ဖက် ရေသယ်ယာဉ် ၁၂ စီးတို့ဖြင့် ပူးပေါင်း ငြှိမ်းသတ်ခဲ့ရာ ၆ နာရီ ၅ မိနစ်တွင် မီးငြိမ်းသွားသည်။

''ဝါယာကြိုး အပူလွန်ကဲပြီး အဆောက်အအုံ အတွင်းမှာရှိတဲ့ ပလတ်စတစ် ကုန်ကြမ်းတွေကို မီးလောင်သွားတာပါ။ ပလတ်စတစ် မီးဆိုတော့ အမြှုပ်ဆေးရည်အနည်း ငယ်နဲ့ ရေကိုအသုံးပြုပြီး ငြှိမ်းသတ်ခဲ့ရတယ်။ ထိခိုက်ဒဏ်ရာရရှိသူ မရှိပါ ဘူး''ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးသော်ဒါကပြောသည်။

မီးလောင်မှုကြောင့် အကျယ်အဝန်း (ပေ၃ဝx၆ဝ)၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း ပလတ်စတစ်ဂိုဒေါင် အဆောက်အအုံ နှစ်လုံးနှင့်တစ်ခြမ်းတို့နှင့်အတူ အဆောက်အအုံအတွင်းရှိ ပစ္စည်းများ မီးလောင်ကျွမ်းခဲ့သဖြင့် တန်ဖိုးငွေကျပ် ၃၉ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ပွားမှုကြောင့် လုံခြုံရေးမှူး ဦးအုန်းသန်း(၄၂)နှစ်အား မရမ်း ကုန်းမြို့နယ် မြို့မရဲစခန်းက ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဇော်ကြီး (ပဏီတ)

The Mirror Daily
https://www.facebook.com/TheMirrorDaily/
မရမ်းကုန်းမြို့နယ်တွင် ဝါယာကြိုးအပူလွန်ကဲရာမှ ပလတ်စတစ်ဂိုဒေါင် မီးလောင်မှုဖြစ်ပွား  မရမ်းကုန်းမြို့နယ်တွင် ဝါယာကြိုးအပူလွန်ကဲရာမှ ပလတ်စတစ်ဂိုဒေါင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 08:32 Rating: 5
Powered by Blogger.