နိုင်ငံတော်သမ္မတ ကိုယ်ရံတော် အရာရှိ ဗိုလ်မှူးချုပ်ဝင်းမြင့် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ကိုယ်ရံတော် အရာရှိဖြစ်သည့် ဗိုလ်မှူးချုပ် ၀င်းမြင့်သည် မတ်လ ၂၀ ရက် ည ၁၀ နာရီ ၃၀ မိနစ်ခန့်က မော်တော်ယာဉ် မတော်တဆ ဖြစ်မှုကြောင့် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ဗိုလ်မှူးချုပ်ဝင်းမြင့်သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အနားယူသွားသည့်တိုင် ဥပဒေနှင့်အညီ ကိုယ်ရံတော်အဖြစ် ဆက်လက်စောင့်ရှောက်ရန် ရွေးချယ်ခံထားရသူ တစ်ဦးလည်းဖြစ်ပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် ၅၅ နှစ်ရှိပြီ ဖြစ်သည်။

နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်တွင် ၀ါရင့်နည်းပြ အရာရှိကြီး တာဝန် ထမ်းဆောင်ခဲ့သည့် ပညာတတ် တစ်ဦးဖြစ်ပြီး အစဉ်အလာရှိသည့် တိုက်ခိုက်ရေးသမား တစ်ဦးလည်းဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အတွက် ခံစားခွင့်ရှိသော ကိုယ်ရံတော် ၂ ဦး ပဏာမထဲတွင် တစ်ဦးကို အမြဲတမ်း တာဝန်ပေး ခန့်အပ်ခဲ့ရာတွင် စိတ်ချယုံကြည်စွာ အရွေးခံခဲ့ရသူ ဖြစ်သည်ဟု ၎င်းနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောဆိုကြသည်။

ဆက်ဆံရေးပြေပြစ်ပြီး စိတ်ရှည်သူတစ်ဦးအဖြစ် လုပ်ဖော်ကိုင်ဖက်များ အကြားတွင် သတင်းမွှေးပျံ့သူ တစ်ဦးဖြစ်ပြီး နောက်ကြောင်း သမိုင်းကြောင်းရှင်းကာ အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ကာ လုံခြုံရေးစည်းကို အတတ်နိုင်ဆုံး၊ အကောင်းဆုံး ဗျူဟာပြောင်းလဲ ကျင့်သုံးပေးခဲ့သူ ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောဆိုကြသည်။

သတင်း - ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies
နိုင်ငံတော်သမ္မတ ကိုယ်ရံတော် အရာရှိ ဗိုလ်မှူးချုပ်ဝင်းမြင့် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်  နိုင်ငံတော်သမ္မတ ကိုယ်ရံတော် အရာရှိ ဗိုလ်မှူးချုပ်ဝင်းမြင့် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန် Reviewed by THITHTOOLWIN on 12:46 Rating: 5
Powered by Blogger.