‎မြို့သစ်မြို့နယ်တွင် နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွား‬


မြို့သစ် မတ် (၁၅)

မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ် ၊ ပေကုန်းကျေးရွာအုပ်စု ၊ ရုံးတိုင်းမြှောင်ကျေးရွာတွင် ယနေ့ မတ်(၁၅)ရက် ညနေ(၄)နာရီခွဲ အချိန်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါကျေးရွာနေ ဦးဘိုကြည် + ဒေါ်ညွန့် တို့၏ နေအိမ်နေအိမ်မှစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အနီးရှိ ဒေါ်တင်နွဲ့အိမ်သို့ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ညနေ(၄)နာရီ (၅၅)မိနစ်အချိန်ခန့်တွင် ဒေသခံပြည်သူများဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် (၄)ပင်ပတ်လည် နေအိမ်တစ်လုံး၊ (၃)ပင်ပတ်လည် နေအိမ်တစ်လုံးနှင့် (၄)ပင် (၃)ပင် နွားတင်ကုတ်တစ်လုံး၊ စုစုပေါင်း အဆောက်အဦး(၃)လုံး မီးလောင်ကျွမ်းခဲ့ရကြောင်းနှင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းသိရသည်။


မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ တောင်တွင်းကြီးမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ မီးသတ်ယာဉ်(၂)စီးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့သစ်မြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ မီးသတ်ယာဉ်(၃)စီးနှင့်တပ်ဖွဲ့ဝင်များ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ သွားရောက်ခဲ့ကြပြီး မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းကို သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ဗိုလ်ပြည့် ( တောင်တွင်းကြီး )
https://www.facebook.com/bopyae.taungdwingyi
‎မြို့သစ်မြို့နယ်တွင် နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွား‬  ‎မြို့သစ်မြို့နယ်တွင် နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွား‬ Reviewed by THITHTOOLWIN on 20:15 Rating: 5
Powered by Blogger.