ငမိုးရိပ်တံတားပေါ်မှ စိတ်ဝေဒနာရှင် အမျိုးသမီးတစ်ဦး ခုန်ချသေဆုံး


ရန်ကုန်၊ မတ် ၂၆

၂၆.၃.၂၀၁၆ ရက်နေ့ ၀၉၃၀ အချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၇)ရပ်ကွက်၊ လေးထောင့်ကန်လမ်းမကြီးရှိ ငမိုးရိပ်တံတားပေါ်မှ
အမျိုးသမီး တစ်ဦးခုန်ချသွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ အမျိုးသမီးမှာ သင်္ဃန်းကျွန်းမြို့နယ်နေ ဒေါ်-----ဖြစ်ကြောင်း၊ ၎င်းမှာ စိတ်ဝေဒနာရောဂါ ခံစားနေရသူဖြစ်ကြောင်း သိရှိရပါသည်။


၁၄၀၀အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက ၎င်းအမျိုးသမီး၏ ရုပ်အလောင်းအား သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ ငမိုးရိပ်ချောင်းဘေးမှပြန်လည် တွေ့ရှိခဲ့ရပါသည်။

ယင်းသေဆုံးမှုနှင့်ပတ်သက်၍ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေ ရဲစခန်း သေမှုသေခင်းအမှတ် စဉ်(၃/၂၀၁၆)ဖြင့် ရေးဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

ငမိုးရိပ်တံတားပေါ်မှ စိတ်ဝေဒနာရှင် အမျိုးသမီးတစ်ဦး ခုန်ချသေဆုံး  ငမိုးရိပ်တံတားပေါ်မှ စိတ်ဝေဒနာရှင် အမျိုးသမီးတစ်ဦး ခုန်ချသေဆုံး Reviewed by THITHTOOLWIN on 21:30 Rating: 5
Powered by Blogger.