မြန်မာနိုင်ငံ၏ သမ္မတ ရွေးချယ်တင်မြှောက်မှုအား အိန္ဒိယဝန်ကြီးချုပ် ဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက်

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)
    နယူးဒေလီ၊ မတ် ၁၅ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံ၏ သမ္မတ ရွေးချယ်တင်မြှောက်မှုအား အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက ဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက်စကားဖော်ပြခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်ရန် အတူတကွ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကတိပြု ပြောကြား လိုက်သည်။

မြန်မာနိုင်ငံ သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ဦးထင်ကျော်အတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း၊ အိန္ဒိယ- မြန်မာ ဆက်ဆံရေး ခိုင်မာစေရန် အတူတကွ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မိုဒီက ၎င်း၏ တွစ်တာ အကောင့်၌ ရေးသားထားသည်။

နှစ်ပေါင်း ၅၀ ကျော် စစ်ဘက် အုပ်ချုပ်မှုပြီးနောက် ပထမဆုံး အရပ်သား ခေါင်းဆောင်အဖြစ် ဦးထင်ကျော်အား မြန်မာ နိုင်ငံ၏ သမ္မတအသစ် အဖြစ် ပြည်ထောင်စုလွှတ်တော်မှ မတ်လ ၁၅ ရက်က ရွေးချယ်တင်မြှောက်ခဲ့ သည်။

ဦးထင်ကျော်သည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ၌ ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ သမိုင်းဝင် ရွေးကောက်ပွဲ၌ အပြတ် အသတ် အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရင်းနှီးသည့် မိတ်ဆွေ တစ်ဦးလည်း ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com
မြန်မာနိုင်ငံ၏ သမ္မတ ရွေးချယ်တင်မြှောက်မှုအား အိန္ဒိယဝန်ကြီးချုပ် ဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက်  မြန်မာနိုင်ငံ၏ သမ္မတ ရွေးချယ်တင်မြှောက်မှုအား အိန္ဒိယဝန်ကြီးချုပ် ဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက် Reviewed by THITHTOOLWIN on 20:04 Rating: 5
Powered by Blogger.