အရှိန်လွန်ယာဉ်တိမ်းမှောက် ယာဉ်မောင်းသေ သုံးဦးဒဏ်ရာရ


Sunday, 27 March 2016

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ မြို့နယ် သမိန်ထော၊ ကုန်းတန်း ကျေးရွာ၊ ဖျာပုံ၊ ကျုံကဒွန်းကား လမ်းအနီးတွင် ယမန်နေ့နံနက် ၉ နာရီက ကားတစ်စီးအရှိန်မထိန်း နိုင်ဘဲ တိမ်းမှောက်၊ ယာဉ်မောင်း တစ်ဦးသေဆုံးပြီး ခရီးသည်သုံးဦး ဒဏ်ရာရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်တွင်ယာဉ်မောင်း စိုးမင်းထွန်း(၃၇နှစ်) ဒေါ်ညိမ်း ကျေးရွာနေသူက ဒေါ်ညိမ်းကျေးရွာမှ ဖျာပုံမြို့သို့ ယာဉ်အမှတ်၇င်္---ပရိုဘောက်ခဲရောင် မော်တော်ယာဉ်ဖြင့် မောင်းနှင်လာစဉ် ယာဉ်၏ အရှေ့ဘက်ဘီးနှင့် အနောက်ဘက် ဝဲဘီးတို့ပေါက်ကာ အရှိန်မထိန်းနိုင် သဖြင့် လမ်း၏ယာဘက်သို့ထိုးကျ တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်း စိုးမင်းထွန်းမှာ ကားထဲမှအပြင်သို့ လွင့်စင်ပြီး ကားအောက်ပိ၍ နှာ ခေါင်းသွေးယိုဒဏ်ရာ၊ ယာဘက် မျက်ခုံးဖူးရောင်ဒဏ်ရာ၊ ယာဘက် လက်မောင်းကျိုး၊ ယာဘက်နံရိုး ကျိုးဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ် ပွားရာနေရာတွင် သေဆုံးခဲ့သည်။

ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါ လာသောခရီးသည် ငါးဦးအနက် စိုးလွင်(၃၅နှစ်) တယ်ပင်ဆိပ် ကျေးရွာ အမာမြို့နေသူမှာ(ဒဏ်ရာ မစိုးရိမ်ရ)၊ဒေါ်ဌေး(၄၆နှစ်)ဒေါ်ညိမ်း ကျေးရွာ အမာမြို့နေသူမှာ ဦး ခေါင်းဝဲဘက် ဖူးရောင်ဒဏ်ရာ၊ ဝဲဘက်လက်မောင်း ဖူးရောင်ဒဏ် ရာ၊ ယာဘက်လက်မောင်း ဖူး ရောင်ဒဏ်ရာ(မစိုးရိမ်ရ)၊ မစန်း စန်းမော်(၂၅နှစ်) ဒေါ်ညိမ်းကျေးရွာ အမာမြို့နေသူမှာရင်ဘတ်အောင့်၊ ခေါင်းမူးဒဏ်ရာ(မစိုးရိမ်ရ)တို့ အသီးသီးရရှိခဲ့ကာ နံနက် ၁ဝ နာရီ ခွဲတွင် ဖျာပုံမြို့နယ် ကျုံကဒွန်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင် ဆေး ကုသမှုခံယူလျက်ရှိသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နံနက် ၁ဝ နာရီခွဲတွင် ကျုံကဒွန်း ကျေးရွာ ရဲစခန်းမှ စခန်းမှူးက ယာဉ်(ပ)၄/၂ဝ၁၆ ပြစ်မှုပုဒ်မ-၃ဝ၄(က)ဖြင့် ယာဉ်မောင်း စိုးမင်း ထွန်းကို အမှုဖွင့်အရေးယူဆောင် ရွက်ထားကြောင်း သိရသည်။

ကျော်စိုးမိုး(ဖျာပုံ)
The Union Daily
http://uniondaily.net
အရှိန်လွန်ယာဉ်တိမ်းမှောက် ယာဉ်မောင်းသေ သုံးဦးဒဏ်ရာရ  အရှိန်လွန်ယာဉ်တိမ်းမှောက် ယာဉ်မောင်းသေ သုံးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 14:38 Rating: 5
Powered by Blogger.