ရန်ကုန်ရေကမ္ဘာ အပန်းဖြေဥယျာဉ် ရေလည်ပတ်မှုစနစ် ချို့ယွင်းချက်မှုများ ရှိသည့်အတွက် တစ်လခန့် ခေတ္တပိတ်မည်


ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ရန်ကုန်ရေကမ္ဘာ အပန်းဖြေဥယျာဉ် (Yangon Waterboom) စတင် ဖွင့်လှစ်ပြီးနောက် ရေသန့်စင်စနစ်နှင့် ရေလည်ပတ်မှု စနစ်တွင် ချို့ယွင်းချက်များ ရှိသည့်အတွက် တစ်လခန့် ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရှိရသည်။

“ရေသန့်စင်စနစ်နဲ့ ရေလည်ပတ်မှု စနစ် ပြုတ်ကျသွားလို့ပါ။ ပြည်ပက ပညာရှင်တွေ ဖိတ်ပြီး ပြုပြင်သွားမှာမို့ တစ်ပတ်၊ နှစ်ပတ်ကနေ တစ်လလောက်အထိ ကြာနိုင်ပါတယ်” ဟု Yangon Waterboom ၏ အခမ်းအနားနှင့် ဖျော်ဖြေရေး တာဝန်ခံ ဦးရဲဝင့်သူက ပြောသည်။

လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံနှင့် တရုတ်နိုင်ငံမှ ပညာရှင်များက ပြုပြင်လျက်ရှိနေပြီး Water treatment system နှင့် operation ပိုင်းဆိုင်ရာ ချို့ယွင်းချက်များကို စတင်ဖွင့်လှစ်ချိန်က လာရောက် ရေကစားခဲ့ကြသည့် မိဘပြည်သူများအားလုံး တွေ့ကြုံ့ခဲ့ရသည့်အတွက် စိတ်မကောင်းဖြစ်မိသည်ဟု Yangon Waterboom ၏ သတင်းနှင့် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Yangon Waterboom စတင်ဖွင့်လှစ်သည့်နေ့တွင် ရေပိုက်လိုင်းတချို့တွင် ရေအပြည့်အဝ မလာခြင်း၊ ရေများ ညစ်နွမ်းနေခြင်း၊ ရှုခင်းသာချောင်းရေများ ဝင်ရောက်လာခြင်းနှင့် ဝန်ဆောင်မှု ပိုင်းဆိုင်ရာအချို့တွင် အားနည်းချက်များ ရှိခဲ့ကြောင်း လူမှုကွန်ရက် facebook တွင် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ Yangon Waterboom (YWB)ကို ၂၀၁၆ ခုနှစ် မတ်လ(၂)ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မတ်လ ၃ ရက်တွင် ပြန်လည် ပိတ်ထားခဲ့ခြင်းဖြစ်သည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies
ရန်ကုန်ရေကမ္ဘာ အပန်းဖြေဥယျာဉ် ရေလည်ပတ်မှုစနစ် ချို့ယွင်းချက်မှုများ ရှိသည့်အတွက် တစ်လခန့် ခေတ္တပိတ်မည်  ရန်ကုန်ရေကမ္ဘာ အပန်းဖြေဥယျာဉ် ရေလည်ပတ်မှုစနစ် ချို့ယွင်းချက်မှုများ ရှိသည့်အတွက် တစ်လခန့် ခေတ္တပိတ်မည် Reviewed by THITHTOOLWIN on 19:18 Rating: 5
Powered by Blogger.