မနက်ဖြန် မတ်လ ၃၀ရက် တွင် သမ္မတအသစ် ကျမ်းသစ္စာကျိန်ကာ ၊ အာဏာလွှဲပြောင်းရယူမည်


နိုင်ငံတော် သမ္မတ နှင့် ဒုတိယ သမ္မတများ အဖြစ် ရွေးချယ် တင်မြှောက် ခံထားရသူများက ပြည်ထောင်စု လွှတ်တော် နာယက ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းများကို မတ်လ ၃၀ ရက်တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း အစီအစဉ် လျာထားချက် အရ သိရသည်။

ထို့အတူ ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းဝင်များ အဖြစ် ခန့် အပ် တာဝန်ပေးရန် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက် ရရှိပြီး ဖြစ်သော နိုင်ငံတော် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များ ၊ ပြည်ထောင်စု ဝန်ကြီးများသည် ပြည်ထောင်စု လွှတ်တော် နာယက ရှေ့ မှောက်တွင် ကတိသစ္စာ ပြုခြင်းများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်သည်။

ထို့နောက် နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တတ်ရောက်၍ မိန့် ခွန်းပြောကြားမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတ များထံသို နိုင်ငံတကာမှ ပေးပို့ သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို ပြည်ထောင်စု လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ကြေညာခြင်းများ ပြုလုပ်သွားမည် ဖြစ်သည်။

နေ့လယ်ပိုင်းတွင် နိုင်ငံတော်သမ္မတ အိမ်တော်၌ လက်ရှိသမ္မတ ဦးသိန်းစိန်မှ သမ္မတ အသစ် ဦးထင်ကျော်ထံ သမ္မတ စလွယ်ကို လွှဲအပ်ကာ အာဏာ လွှဲပြောင်းပေးမည်ဖြစ်ပြီး ညနေပိုင်းတွင် အာဏာလွဲပြောင်းရေး အထိမ်းမှတ် ညစာစားပွဲ အခမ်းနားကို ကျင်းပမည်ဖြစ်သည်။

ကျွန်တော်တို့ကိုတော့ ဖိတ်ထားတယ် ၂ ယောက် သွားတက်မယ်။ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီနဲ့ ညစာစားပွဲကိုပါဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ အမည်မဖော်လိုသူ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

The Ladies News
https://www.facebook.com/News.TheLadies
မနက်ဖြန် မတ်လ ၃၀ရက် တွင် သမ္မတအသစ် ကျမ်းသစ္စာကျိန်ကာ ၊ အာဏာလွှဲပြောင်းရယူမည်  မနက်ဖြန် မတ်လ ၃၀ရက် တွင် သမ္မတအသစ် ကျမ်းသစ္စာကျိန်ကာ ၊ အာဏာလွှဲပြောင်းရယူမည် Reviewed by THITHTOOLWIN on 19:38 Rating: 5
Powered by Blogger.