မြောက်ဦးတွင် လူတစ်ဦး ခန္ဓာကိုယ်ပေါ် ဓာတ်ဆီသွန်၍ မီးရှို့သေဆုံး

မီးလောင်နေတဲ့ ​န​မူ​နာ ​ဓာတ်​ပုံ​သာ ​ဖြစ်​ပြီး ​အ​ခု မီးလောင်သေဆုံးသူရဲပုံ ​မ​ဟုတ်​ပါ။
နိရဉ္စရာ၊ မတ်လ ၂၅

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ကျောက်ရစ်ကေ အရပ်တွင် အသက်(၄၀) အရွယ် လူတစ်ဦးသည် ၎င်း၏ ခန္ဓာကိုယ်ပေါ် ဓာတ်ဆီသွန်၍ မီးရှို့သေဆုံးသွားသည်ဟု သတင်း ရရှိသည်။

သေဆုံးသူမှာ ဦးထွန်းထွန်းမြင့် (၄၁ နှစ်) (ဘ) ဦးအောင်ကျော်ထွန်း၏ သားဖြစ်ကြောင်း မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးက အတည်ပြု ပြောကြားသည်။

“ ဒီနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်က ဓာတ်ဆီ တစ်လီတာကို ခန္ဓာကိုယ်ပေါ်မှာ သွန်ပြီး မီးရှို့ သေဆုံးသွားပါတယ်။ သတင်းအရ လိုက်သွားတော့ ၁၂ နာရီ ၄၅ မိနစ်မှာ ရောက်တယ်။ သေနေပါပြီ။ အလောင်းကိုတော့ ခရိုင်ဆေးရုံကို ပို့လိုက်ပါပြီ” ဟု ရဲမှူးက အတည်ပြု ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များ ရောက်သွားချိန်တွင် သေဆုံးနေပြီ ဖြစ်ကြောင်း၊ အခင်း ဖြစ်ပွားရာနေရာမှာ ကျောက်ရစ်ကေ ကျေးရွာ သူ့ဖခင် ဦးအောင်ကျော်ထွန်းနေအိမ်ရှေ့တွင် ဖြစ်ကြောင်း၊ သေဆုံးသူမှာ အရက်မူးနေသည်ဟု သိရှိရကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောသည်။

မျက်မြင်များ၏ အပြောအရ ဓာတ်ဆီ ခန္ဓာကိုယ်ပေါ်သို့ လောင်းချိန်တွင် အပေါ်ပိုင်း ခန္ဓာကိုယ်တွင် အင်္ကျီ မရှိဘဲ လုံချည်ကို ၀တ်ထားကြောင်း၊ အရက်လည်း မူးနေကြောင်း၊ တစ်လီတာခန့်ရှိသော ဓာတ်ဆီကို ခန္ဓာကိုယ်ပေါ် သွန်ကာ မီးရှို့ သေဆုံးသွားခဲ့ကြောင်း ပြောဆိုသည်။

မိသားစုများမှ ဦးထွန်းထွန်းငြိမ်းသည် အရက်မူးလျင် စိတ်ဖောက်ပြန်တတ်ကြောင်း၊ သေမှုသေခင်း အရ အမှုအမှတ် ၄ / ၂၀၁၆ ဖြင့် အမှုဖွင့်ထားကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောဆိုသည်။

သူငါ (မြောက်ဦး)
Arakan State
https://www.facebook.com/NarinjaraNews
မြောက်ဦးတွင် လူတစ်ဦး ခန္ဓာကိုယ်ပေါ် ဓာတ်ဆီသွန်၍ မီးရှို့သေဆုံး  မြောက်ဦးတွင် လူတစ်ဦး ခန္ဓာကိုယ်ပေါ် ဓာတ်ဆီသွန်၍ မီးရှို့သေဆုံး Reviewed by THITHTOOLWIN on 18:22 Rating: 5
Powered by Blogger.