ကိုရီးယား ဖမ်းထားတဲ့ ကန်နိုင်ငံသားကို လွတ်ပေးဖို့ တောင်းဆို

မြောက်ကိုရီးယားမှာ ဖမ်းဆီး ခံထားရတဲ့ အမေရိကန် နိုင်ငံသား Otto Frederick Warmbier (Credit: AFP) 
မြောက်ကိုရီးယား ​နိုင်င့မှာ ​ထောင်ဒဏ် ​ကျခံနေရတဲ့ ​အမေရိကန်နိုင်ငံက ​ကောလိတ်ကျောင်းသားကို ​လွတ်ပေးဖို့ ​အမေရိကန် ​သမ္မတ ​အိမ်ဖြူတော်နဲ့ ​လူ့အခွင့်အရေး ​အဖွဲ့တွေက ​မြောက်ကိုရီးယား ​အစိုးရကို ​တောင်းဆိုလိုက်ပါတယ်။

အသက် ​၂၁ ​နှစ်အရွယ် ​အမေရိကန်နိုင်ငံသား ​Otto ​Warmbier ​ဟာ ​ဟိုတယ်မှာ ​ချိတ်ဆွဲထားတဲ့ ​ဝါဒ ​ဖြန့်ချီရေး ​ဆိုင်းဘုတ်ကို ​ခိုးယူခဲ့ရာက ​မြောက်ကိုရီးယား ​အစိုးရကို ​ဖြုတ်ချဖို့ ​ကြိုးစားတဲ့ ​ပြစ်မှုနဲ့ ​အလုပ်ကြမ်းနဲ့ ​ထောင်ဒဏ် ​၁၅ ​နှစ် ​ချမှတ်ခံလိုက်ရတာ ​ဖြစ်ပါတယ်။

အမေရိကန် ​အစိုးရကို ​မုန်းတီးတဲ့အတွက် ​မြောက်ကိုရီးယားက ​အခုလို ​မတရား ​ပြစ်ဒဏ်ပေးတာလို့ ​အမေရိကန် ​အစိုးရက ​ပြောပါတယ်။

ဒီလပိုင်းအတွင်း ​မြောက်ကိုရီးယားက ​နျူကလီးယား ​လက်နက် ​စမ်းသပ်ပြီးတဲ့နောက် ​အမေရိကန်နဲ့ ​မြောက်ကိုရီးယား ​စစ်တပ်အကြား ​တင်းမာမှုတွေ ​ဖြစ်ပွားခဲ့ပါတယ်။

မြောက်ကိုရီးယားအပေါ် ​ကုလသမဂ္ဂက ​ဒဏ်ခတ်ပိတ်ဆို့မှု ​ပြုလုပ်ဖို့ ​အမေရိကန်က ​ဦးဆောင်ပြီး ​လုပ်ဆောင်ခဲ့တဲ့အတွက်လည်း ​မြောက်ကိုရီးယားက ​မကျေမနပ် ​ဖြစ်နေပါတယ်။

မြောက်ကိုရီးယား ​အနေနဲ့ ​အမေရိကန်နိုင်ငံက ​အစိုးရ ​အရာရှိတွေကို ​လာလည်စေချင်တဲ့အခါမှာ ​အမေရိကန်နိုင်ငံသားတွေကို ​ဘန်းပြ ​ဖမ်းဆီးတာမျိုး ​လုပ်တတ်တယ်လို့လည်း ​ဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့ ​အမေရိကန် ​နိုင်ငံသားတွေ ​လွတ်မြောက်ဖို့အတွက် ​အမေရိကန် ​သမ္မတဟောင်း ​ဂျင်မီ ​ကာတာနဲ့ ​ဘီလ်ကလင်တန်တို့လို ​ပုဂ္ဂိုလ်တွေ ​မြောက်ကိုရီးယားကို ​အလည်အပတ် ​သွားရတာမျိုး ​ရှိခဲ့ဖူးပါတယ်။

အခုလောလောဆယ် ​မြောက်ကိုရီးယားမှာ ​ဖမ်းဆီးခံထားရတဲ့ ​အမေရိကန် ​နိုင်ငံသား ​၃ ​ဦး ​ရှိတယ်လို့လည်း ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ကိုရီးယား ဖမ်းထားတဲ့ ကန်နိုင်ငံသားကို လွတ်ပေးဖို့ တောင်းဆို  ကိုရီးယား ဖမ်းထားတဲ့ ကန်နိုင်ငံသားကို လွတ်ပေးဖို့ တောင်းဆို Reviewed by THITHTOOLWIN on 08:14 Rating: 5
Powered by Blogger.