ဘုရင့်နောင်လမ်းမ အုတ်ကျင်းမှတ်တိုင်အနီး လမ်းလယ်တုံးကိုရေသန့်ကားဝင်တိုက်၍ တိမ်းမှောက်


ရန်ကုန် မတ် ၁၉

ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ အုတ်ကျင်းမှတ်တိုင်အနီး မတ် ၁၉ ရက် ညနေ ၄ နာရီခန့်က မြို့တွင်း သို့သွားသော ယာဉ်ကြောအလယ်ရှိ လမ်းတားတုံးတန်းကို ရေသန့်တင် ယာဉ်ငယ်တစ်စီး ဝင်တိုက်မိပြီး လမ်း လယ်၌ တိမ်းမှောက်သွားသည်။

ထောက်ကြန့်စက်ရုံမှ ရေသန့် ဘူးတွဲများ သယ်ဆောင်လာသော ယာဉ်မောင်း ကိုဖိုးသန့် (၃၅နှစ်) မောင်းနှင်လာသော ယာဉ်သည် အုတ်ကျင်းမှတ်တိုင်အနီးရှိ လမ်းလယ် ယာဉ်ဖြတ်လမ်းအလွန်တွင် လမ်း လယ်တုံးတန်း ဝင်တိုက်မိပြီး ယာဉ် တိမ်းမှောက်သွားသည်။

မြို့ထဲမှလာသော ယာဉ်မောင်း ဦးကျော်ကျော်လွင်(၄၃နှစ်) မောင်းနှင် သည့် အငှားယာဉ် အမှတ်FF/---- ၏ ဘယ်ဘက်ခြမ်းကို ထိခိုက်မိပြီး ယာဉ်မောင်းဖြစ်သူအား လူနာတင် ယာဉ်ဖြင့် ဆေးရုံသို့ပို့ပေးပြီး ကားပေါ် ၌ လိုက်ပါလာသူများမှာ ထိခိုက်မှုမရှိ ကြောင်း သိရသည်။

ဖေဖော်ဝါရီလကလည်း မြို့ထဲမှ မင်္ဂလာဒုံဘက်သို့ ပြည်လမ်းမ အတိုင်းမောင်းနှင်လာသော ရေသန့် တင် ကုန်တင်ကားငယ်တစ်စီးသည် မင်္ဂလာဒုံ ကျိုက်ကလော့မှတ်တိုင် အနီး လမ်းဖြတ်ကူးသူ ပုဂ္ဂလိကဘဏ် ဝန်ထမ်း (၃၇နှစ်)ရှိ အမျိုးသမီးငယ် တစ်ဦးအား တိုက်မိရာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း သေဆုံးခဲ့ ကြောင်း ယင်းအမျိုးသမီးငယ်၏ ဆွေမျိုးဖြစ်သူ လှိုင်သာယာမြို့နယ် အောင်ဇေယျ တံတားအနီးနေ ဦးကျော်ကျော်နိုင်ထံမှ သိရ သည်။

ခင်ဆိုင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဘုရင့်နောင်လမ်းမ အုတ်ကျင်းမှတ်တိုင်အနီး လမ်းလယ်တုံးကိုရေသန့်ကားဝင်တိုက်၍ တိမ်းမှောက်   ဘုရင့်နောင်လမ်းမ အုတ်ကျင်းမှတ်တိုင်အနီး လမ်းလယ်တုံးကိုရေသန့်ကားဝင်တိုက်၍ တိမ်းမှောက် Reviewed by THITHTOOLWIN on 09:23 Rating: 5
Powered by Blogger.