လေယာဉ်ပေါ်တွင် သားယောင်္ကျားလေး(၁)ဦး မွေးဖွားခြင်း


Silk Air လေကြောင်းလိုင်းမှ လေယာဉ်ခရီးစဉ်အမှတ် MI-518 သည် စင်္ကာပူ နိုင်ငံ ချန်ဂီလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ (28-3-2016)ရက်နေ့ (1630) အချိန်တွင် ဆိုက်ရောက် လာခဲ့ရာ အဆိုပါလေယာဉ်ဖြင့် လိုက် ပါလာသည့် ခရီးသည် ကိုယ်ဝန်ဆောင် မြန်မာ အမျိုးသမီး(၁)ဦး သည် လေယာဉ် ဆိုက်ရောက်ပြီးနောက် Tube ကပ်စဉ် ကလေးမီးဖွား၇န် ဗိုက်နာလာသဖြင့် လေယာဉ်ပေါ်ရှိ လေယာဉ်မယ်များနှင့် ရန်ကုန်လေဆိပ် တာဝန်ကျ ဆရာဝန် (အမျိုးသမီး)တို့မှ မီးဖွား၇န် ကူညီဆောင်ရွက်ပေးခဲ့ရာ (1650)အချိန်တွင် သားယောင်္ကျားလေး (၁)ဦးအား လေယာဉ်ပေါ်တွင် မွေးဖွားခဲ့ပါသည်။


ကလေးအား ၄င်း၏ဖခင်ဖြစ်သူမှ ရန်ကုန်လေဆိပ်မှ ရန်ကင်းကလေးဆေးရုံသို့ ၁၇၃၀ အချိန်တွင် ခေါ်ဆောင်သွားခဲ့ပြီး မိခင်ဖြစ်သူမှာ ရန်ကုန်လေဆိပ်၊ ပြည်ပ ဆိုက်ရောက် ဆောင် ရှိ ဆေးခန်းတွင် လိုအပ်သည့် ကျန်းမာရေးကုသမှုများအား လေဆိပ်ဆေးခန်းရှိ ဆရာဝန်နှင့် အဖွဲ့မှ ကုသဆောင်ရွက်ပေးလျက်ရှိပြီး ၁၈၀၅ အချိန်တွင် မြောက်ဥကလာပဆးရုံကြီးသို့ လူနာတင်ယာဉ်ဖြင့် ဆရာဝန်များလိုက်ပါ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။

Aviation Police-YGN
https://www.facebook.com/Aviation-Police-YGN
လေယာဉ်ပေါ်တွင် သားယောင်္ကျားလေး(၁)ဦး မွေးဖွားခြင်း  လေယာဉ်ပေါ်တွင် သားယောင်္ကျားလေး(၁)ဦး မွေးဖွားခြင်း Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.