ကိုးပင်-သာဂရကားလမ်းတွင် ယာဉ် တိမ်းမှောက်၍ ခြောက်ဦးသေဆုံး၊ ၁၄ ဦး ဒဏ်ရာရ


အရှိန်မထိန်းနိုင်သောယာဉ် တိမ်းမှောက်၍ ခြောက်ဦးသေဆုံး၊ ၁၄ ဦး ဒဏ်ရာရ

နေပြည်တော် မတ် ၂၅

မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲ မြို့နယ် လဲဇင်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် ကိုးပင်-သာဂရကားလမ်း မိုင်တိုင် အမှတ်(၆၁/၂-၃)ကြား အရှေ့ရိုးမသစ်တော ကြိုးဝိုင်းအဝင် လမ်းအဆင်းအကွေ့တွင် မတ် ၂၃ ရက် ညနေ ၃ နာရီက ယာဉ်တိမ်းမှောက် မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သာဂရဘက်မှ ကိုးပင်ဘက် သို့ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်နေ မင်းမင်း(၄၅)နှစ်မောင်းနှင်ပြီး ထင်းနှင့် ဝါးများ တင်ဆောင်လာသည့် ဇ/------ (RTC)ခြောက်ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်သို့ ထိုးကျတိမ်းမှောက် ခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော တောင်တွင်းကြီးမြို့နယ် ပျဥ့်ညင်ရွာနေ ကိုဌေး (၅ဝ)နှစ်ပါ ခြောက်ဦးတို့တွင် ဒဏ်ရာ များရရှိပြီး အခင်းဖြစ်နေရာတွင်သေဆုံးသွား ခဲ့ကာ တစ်ရွာတည်းနေ ကိုငပု(၃၂)နှစ်ပါ ၁၄ ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ချောင်းကောက်တိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး မင်းမင်းအား ကိုးပင် နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily
ကိုးပင်-သာဂရကားလမ်းတွင် ယာဉ် တိမ်းမှောက်၍ ခြောက်ဦးသေဆုံး၊ ၁၄ ဦး ဒဏ်ရာရ  ကိုးပင်-သာဂရကားလမ်းတွင် ယာဉ် တိမ်းမှောက်၍ ခြောက်ဦးသေဆုံး၊ ၁၄ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 07:45 Rating: 5
Powered by Blogger.