အမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား


ကျောက်တံခါး မတ် ၃ဝ

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းအပိုင် ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၇၇/၄) နှင့်( ၇၇/၅)အကြားတွင် ယနေ့နံနက် ၈ နာရီခွဲက ယာဉ်တိမ်း မှောက်မှုဖြစ်ပွားခဲ့သည်။

အခင်းဖြစ်နေရာသို့ မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ထွန်းထွန်းဦး၊ တာဝန်ကျတာဝန်မှူး ရဲအုပ် သိန်းဗိုလ်နှင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက် ကြည့်ရှုစစ်ဆေးရာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ဘောဂသိဒ္ဓိရပ်ကွက် ပိတောက်အိမ်ရာ တိုက်အမှတ်(၇၃၇)နေ အောင်စိုးသူ (၂၅)နှစ် မောင်းနှင်သည့် ယာဉ်အမှတ် ၅ဃ/----- မတ်တူးအမျိုးအစား အဖြူရောင်ယာဉ်သည် အရှိန်လွန်ပြီး လမ်းလယ်ကျွန်းပေါ်မှတစ်ဆင့် တစ်ဖက် ယာဉ်ကြောဘက်သို့ရောက်ရှိကာ တိမ်းမှောက် ခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်အမိုး ပိုင်း ပိန်ချိုင့်ပျက်စီး၊ ရှေ့လေကာမှန်နှင့် ရှေ့ မီးသီးများကွဲ၊ ဘော်ဒီယာဘက်ဘေးပိန်ချိုင့်ပျက်စီးခဲ့ပြီး အောင်စိုးသူအား မြို့ချောင်းအမြန် လမ်းမကြီးရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ခင်ကို(ကျောက်တံခါး)
The Mirror Daily
https://www.facebook.com/TheMirrorDaily

အမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား  အမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 09:06 Rating: 5
Powered by Blogger.