လယ်ယာမြေပြဿနာများ ဦးစားပေး လုပ်ဆောင်မည်ဟု ကျောက်တန်းမြို့နယ် ဒီချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး ပြောဆို


၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီးတွင် ကျောက်တန်းမြို့နယ်တွင် မဲအနိုင်ရရှိခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးမှ မဲဆန္ဒနယ်အတွင်း လယ်ယာမြေ ပြဿနာများကို အဓိကထား ဖြေရှင်းသွားမည်ဟု ပြောကြားသည်။

“လယ်ယာမြေ ပြဿနာကတော့ ကျွန်မတို့နိုင်ငံအတွက် အရမ်းအရေးကြီးပြီး ဒေသခံတွေဆီကနေ လေ့လာတယ်။ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်း နေတဲ့သူတွေဆီကလည်း သင်ယူလေ့လာတယ်။ အခုလောလောဆယ် ဦးစားပေးပြီး လုပ်နေတာကတော့ လယ်ယာမြေ ပြဿနာပါပဲ” ဟု ကျောက်တန်းမြို့နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောသည်။

ကျောက်တန်းဒေသရှိ ပြည်သူများမှ လယ်ယာမြေ ပြသ၁နာများနှင့် ပတ်သက်သည့် တိုင်ကြားစာများ ၎င်းထံသို့ ပေးပို့ထားသည့်အပြင် ကျောက်တန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး သို့လည်း ပေးပို့ထားကြောင်း သိရသည်။

“လက်ရှိမှာ လယ်ယာမြေ ပြသ၁နာတွေရဲ့ အရင်းအမြစ်ကို လေ့လာနေတယ်။ ဒီလယ်ယာနဲ့ ပတ်သက်ပြီး လွှတ်တော်က ကော်မတီနဲ့ရော၊ တာဝန်ရှိတဲ့လူနဲ့ရော ဆွေးနွေးနေပါတယ်” ဟု ကျောက်တန်းမြို့နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောသည်။

၂၀၁၅ ခုနှစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ ကြေညာစာတမ်း စီးပွားရေးကဏ္ဍတွင်၊ လယ်ယာမြေ ပြသ၁နာများ တရားမျှတစွာ ဖြေရှင်းရေး၊ လယ်ယာမြေ အသုံးချခွင့် အာမခံချက် ရှိစေရေးအပြင် လယ်ယာမြေ ထိန်းသိမ်းခြင်း၊ လွှဲပြောင်းပေးခြင်းများကို ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ထင်သာမြင်သာ ရှိစေရေး၊ လယ်မဲ့ယာမဲ့များ၊ ကျဘမ်းအလုပ်သမားများ အတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ရရှိရေးတို့ကို ဆောင်ရွက်မည်ဟု ထုတ်ပြန်ထားသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies
လယ်ယာမြေပြဿနာများ ဦးစားပေး လုပ်ဆောင်မည်ဟု ကျောက်တန်းမြို့နယ် ဒီချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး ပြောဆို  လယ်ယာမြေပြဿနာများ ဦးစားပေး လုပ်ဆောင်မည်ဟု ကျောက်တန်းမြို့နယ် ဒီချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး ပြောဆို Reviewed by THITHTOOLWIN on 19:19 Rating: 5
Powered by Blogger.