ဒုတိယသမ္မတ ၃ ဦးကို အတည်ပြု

ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ ဒုတိယသမ္မတ ဦးထင်ကျော်၊ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီ ဗန်ထီးယူ တို့ကို တွေ့ရစဉ်။ Photo: RFA
ပြည်ထောင်စုလွှတ်တော်က ဒုတိယသမ္မတ ဦးထင်ကျော် ၊ ဦးဟင်နရီ ဗန်ထီးယူနဲ့ ဦးမြင့်ဆွေ (လက်ရှိရန်ကုန်တိုင်း ဝန်ကြီးချုပ်) တို့ကို အတည်ပြုလိုက်ပါတယ်။

တပ်မတော်သားအစုအဖွဲ့က တင်မြှောက်တဲ့ ဦးမြင့်ဆွေကိုလည်း အရည်အချင်းပြည့်မီတဲ့အတွက် အတည်ပြု လိုက်တာ ဖြစ်ပါတယ်။

ဦးဟင်နရီ ဗန်ထီးယူဟာ နိုင်ငံခြားမှာ နေထိုင်ခဲ့ဖူးတယ်လို့ သိရတဲ့အတွက် ပြန်လည်စိစစ်ပေးဖို့ ရွေးချယ် စိစစ်ရေးအဖွဲ့မှာပါတဲ့ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးက တင်ပြပေမယ့် စိစစ်ရွေးချယ်ရေးအဖွဲ့မှာပါတဲ့ အဖွဲ့ဝင် ၇ ဦးမှာ အများ ၆ ဦးက လက်ခံတဲ့အတွက် ဦးဟင်နရီကိုလည်း အတည်ပြုလိုက် တာ ဖြစ်ပါတယ်။

အဲ့ဒီ ၃ ဦးထဲက နိုင်ငံတော်သမ္မတအဖြစ် တစ်ဦးကို မနက်ဖြန်မှာ ရွေးချယ်တင်မြှောက်ရမှာ ဖြစ်ပါတယ်။

ရွေးချယ်တင်မြှောက်ပွဲကို ပြည်ထောင်စုလွှတ်တော်မှာ မနက်ဖြန် မနက် ၁ဝ နာရီမှာ မဲပေးရွေးချယ်ကြ ရမှာ ဖြစ်ပါတယ်။

ဆန္ဒမဲပေးပုံ ပေးနည်းကို ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း က ရှင်းပြပါတယ်။ မဲပေးရာမှာ ထောက်ခံသူကို အမှန်ခြစ်ရမှာဖြစ်သလို မထောက်ခံသူကို အမှားခြစ်ပြီး မဲပေးကြရမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဒုတိယသမ္မတ ၃ ဦးကို အတည်ပြု  ဒုတိယသမ္မတ ၃ ဦးကို အတည်ပြု Reviewed by THITHTOOLWIN on 19:25 Rating: 5
Powered by Blogger.