ISIS အဖွဲ့ဝင်များ လစာ ၅၀ ရာခိုင်နှုန်း ဖြတ်တောက်ရန် ဖိအားပေးခံနေရ


လန်ဒန် ၊ ၉-၂-၂၀၁၆

အမေရိကန် ဦးဆောင်သော မဟာမိတ် ညွန့်ပေါင်းအဖွဲ့၏ လေကြောင်း တိုက်ခိုက်မှု များသည် ISIS စစ်သွေးကြွ အဖွဲ့၏ အဓိကဝင်ငွေ လမ်းကြောင်း ဖြစ်သည့် ရေနံ ကုန်သွယ်မှုကို အကြီးအကျယ် ထိခိုက် စေသောကြောင့် ၄င်းတို့၏ တိုက်ခိုက်ရေး သမားများကို လစာ ၅ဝ ရာခိုင်နှုန်း ဖြတ်တောက်ရန် စီစဉ်လျက် ရှိကြောင်း အမေရိကန် ထိပ်တန်း တာဝန်ရှိသူ တစ်ဦးက ဖေဖော်ဝါရီ ၈ ရက်တွင် ပြောကြားသည်။

လေကြောင်း တိုက်ခိုက်မှု များကြောင့် ISIS စစ်သွေးကြွ အဖွဲ့သိမ်းယူ ထားသော နယ်မြေများတွင် လုပ်ဆောင်နေသည့် ရေနံတူးဖော်၊ သန့်စင်၊ ပို့ဆောင်ရေး လုပ်ငန်းများ ကျဆင်းလာ ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဌာန မှ အကြမ်းဖက်အဖွဲ့ဘဏ္ဍာငွေ ဆိုင်ရာ ကော်မတီမှ လက်ထောက် အတွင်းရေးမှူး ဒန်နီယယ် ဂလေဆာ က ပြောကြားသည်။

PyiChitThar
http://www.pyichitthar.com
ISIS အဖွဲ့ဝင်များ လစာ ၅၀ ရာခိုင်နှုန်း ဖြတ်တောက်ရန် ဖိအားပေးခံနေရ  ISIS အဖွဲ့ဝင်များ လစာ ၅၀ ရာခိုင်နှုန်း ဖြတ်တောက်ရန် ဖိအားပေးခံနေရ Reviewed by THITHTOOLWIN on 13:07 Rating: 5
Powered by Blogger.