IS လက်ချက်ကြောင့် လူ ၁၁၉ ဦးသေ

အီရတ်နိုင်ငံအတွင်းက IS အဖွဲ့ဝင်များ (Credit: AFP) 
ဆီးရီးယားနိုင်ငံ ​Homs ​နဲ့ ​Danascus ​မြို့မှာ ​ဗုံးပေါက်ကွဲမှုတွေ ​ဖြစ်ပွားခဲ့လို့ ​အနည်းဆုံး ​လူ ​၁၁၉ ​ဦးသေဆုံးခဲ့ရပြီး ​ဒီလို ​ဖြစ်ပေါ်အောင် ​သူတို့က ​ကြိုးကိုင်လှုပ်ရှားခဲ့တယ်လို့ ​IS ​အစ္စလာမ်မစ် ​အဖွဲ့က ​ပြောပါတယ်။

Homs ​မြို့ ​မှာ ​ဖြစ်ခဲ့တဲ့ ​ဗုံးပေါက်ကွဲမှု ​နှစ်ခုကြောင့် ​အနည်းဆုံး ​လူ ​၅၆ ​ယောက်သေဆုံးပြီး ​၁၀၀ ​လောက် ​ဒဏ်ရာ ​ရရှိခဲ့ပါတယ်။

တခါ ​မြို့တော် ​Damascus ​မြို့မှာလည်း ​အသေခံ ​ဗုံးဖောက်ခွဲမှု ​သုံးခု ​ဖြစ်ပွားခဲ့လို့ ​လူ ​၆၂ ​ဦး ​ထပ်မံ ​သေဆုံးခဲ့ရပါတယ်။

မျက်မြင်သက်သေတွေရဲ့ ​အဆိုအရ ​ဖောက်ခွဲရေး ​ပစ္စည်း ​တင်ဆောင်လာတဲ့ ​ကားကို ​ဗုံးဖောက်ခွဲပြီးတဲ့နောက် ​သူတို့ကို ​သူတို့ ​အသေခံ ​ဗုံးဖောက်ခွဲလိုက်ကြတာလို့ ​ဆိုပါတယ်။

ဆီးရီးယား ​အစိုးရက ​IS ​အဖွဲ့ကို ​တိုက်ခိုက်မှု ​တိုးမြင့်ပြီးတဲ့နောက် ​IS ​က ​အခုလို ​လုပ်ဆောင်လိုက်တာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
IS လက်ချက်ကြောင့် လူ ၁၁၉ ဦးသေ  IS လက်ချက်ကြောင့် လူ ၁၁၉ ဦးသေ Reviewed by THITHTOOLWIN on 09:05 Rating: 5
Powered by Blogger.